မိန်းကလေးအပေါင်းအသင်းတွေများလို့ အထင်လွဲခံရတာတောင်ရှိတယ်တဲ့။

Photo: Hunna Yuri

 

ဟန်နာယူရီ ဟာ မကြာခင်က ဥက္ကာမင်းမောင်တစ်ယောက် ဂေးတစ်ယောက်ဖြစ်ကြောင်း ဝန်ခံလိုက်တဲ့အပေါ် သူ့ရဲ့ အမြင်ကို ပြောပြခဲ့ ပါတယ်။ ဂေးတစ်ယောက်ဖြစ်ကြောင်း ဝန်ခံလိုက်တာဟာ ရှက်စရာတစ်ခုမဟုတ်ပဲ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုုတစ်ခုသာဖြစ်တယ် ဆိုပြီးတော့  Duwun media  ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' တော်တော်များများ Make Up Arist တွေရှိမယ်၊ Hairstyle list တွေရှိမယ် သူတို့တွေကို ဘယ်လိုပေါင်းသလဲဆိုတော့ သူက Gay ဖြစ်နေလို့ ဆိုပြီးတော့ မနှိမ်ဘူး၊ သူက Lasbian ဖြစ်နေလို့ဆိုပြီးတော့ မနှိမ်ဘူး။ ဒါကတော့ ကိုယ့်ရဲ့ ဘဝရွေးချယ်မှု အနေနဲ့ ဒါကတော့ ရှက်စရာ မဟုတ်ဘူးလို့ ထင်တယ်'' လို့ သူက ဆိုပါတယ်။

Photo: Hunna Yuri

 

Gay ဖြစ်တာ Lasbin ဖြစ်တာတွေက သူတို့ရဲ့ ကိုယ်ကျင့်တရား၊ စိတ်ထားတွေနဲ့ မဆိုင်ဘူးလို့လည်း ဟန်နာယူရီက ပြောပြခဲ့ပါတယ်။

'' အပေါင်းအသင်းတွေထဲမှာလည်း တိုင်ပင်ဖော်လို ပုံစံမျိုးပေါ့နော်။ မိန်းကလေးသူငယ်ချင်းထက်တောင်မှ ပိုကောင်းတာတွေ ရှိတတ်တယ် ပေါ့နော်။ အဓိက လူတစ်ယောက်ကို ပေါင်းသင်းတာက သူ့ရဲ့ စိတ်ထား၊ သူ့ကိုယ်ကျင့်တရားပေါ့နော်။ သူက Gay ဖြစ်တာ Lasbian ဖြစ်တာ သူ့ကိုယ်ကျင့်တရားနဲ့ မဆိုင်ဘူး''လို့ ဆိုပါတယ်။ 

Photo: Hunna Yuri

ကိုယ့်စိတ်တိုင်းကျ ချစ်သူ မတွေ့သေးဘူးဆိုတဲ့ ဟန်နာယူရီ 

ဟန်နာယူရီဟာ ဘန်ကောက်မှာ မိန်းကလေးသူငယ်ချင်းတွေသာအများကြီးရှိပြီး ယောကျ်ားလေးသူငယ်ချင်းနည်းတာကြောင့် Labsian လို့တောင် အထင်လွဲခံခဲ့ရတယ်တဲ့။ ဘန်ကောက်မှာက Labsian တွေကို အထင်သေးပြီး Gay တွေကိုတော့ လက်ခံကြတယ်လို့ ဆိုပါတယ်။

'' ဘန်ကောက်မှာဆိုရင် Labsian တွေကို နည်းနည်းအထင်သေးသလိုဖြစ်တယ်။ သူတို့က Gay တွေကိုသာ လက်ခံတာ။ ညီမဆိုရင် Lasbian ဖြစ်ဖြစ်၊ Gay ဖြစ်ဖြစ် ဒါဟာ ကိုယ့်ဘဝရဲ့ ဆုံးဖြတ်ချက်၊ သူ့ဘဝရဲ့ ဆုံးဖြတ်ချက်ပေါ့နော်။ လူတိုင်းဟာ ကိုယ်ဖြစ်ချင်တဲ့ ဘဝနဲ့ ကိုယ်နေထိုင် ခွင့် ရှိတယ်လို့ ထင်တယ်။ ကိုယ့်အနေနဲ့ကလည်း သူတို့ကို မှတ်ချက်အနေနဲ့ မပေးချင်ဘူး။ အကုန်လုံးကို ကြိုဆိုပါတယ်'' ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့က Pan Pacific Hotel မှာကျင်းပပြုလုပ်ခဲ့တဲ့ Fuji Film ရဲ့ Program အသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Photo: Hunna Yuri

 

ဟန်နာယူရီဟာ အခုလက်ရှိမှာတော့ Make Up Arist တစ်ယောက်အနေနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။ Make Up Arist တစ်ယောက်အနေနဲ့ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီးထဲက ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ မိတ်ကပ်နဲ့ ဖန်တီးပေးထားသေးတယ်လို့ သိရပါတယ်။ ဟန်နာယူရီ ကိုတော့  နာမည်ကျော်အဆိုတော် Bunny Phyo ရဲ့ ချစ်သူဟောင်းအဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က