အခုချိန်မှာတော့ သီချင်းတွေ ရေးဖြစ်နေပါတယ်။

အနုပညာရှင်တစ်ယောက်ရဲ့ ဘဝက Helium Balloon တစ်လုံးလိုပါပဲလို့ အနဂ္ဂကတော့ နှိုင်းယှဉ်လိုက်ပါပြီ။ Helium Balloon လေးနဲ့ တူတဲ့ ဘဝ အကြောင်း ဥပမာကိုလည်း နှိုင်းယှဉ်ပြခဲ့ပါသေးတယ်။ အနဂ္ဂက အခုချိန်မှာ ဇနီးဖြစ်သူ သံသာဝင်း တစ်ဦး တည်းသော သမီးလေး ကေသရီ အနဂ္ဂ တို့နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

Photo: သံသာဝင်းဖေ့စ်ဘွတ်

 

အဆိုတော် အနဂ္ဂဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးနေသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တွေရဲ့ ဘဝကို Helium Balloon တစ်လုံးရဲ့ ဥပမာတစ်ခုနဲ့ နှိုင်းယှဉ်ပြသလိုက်ပါတယ်။

'' အနုပညာရှင်တွေရဲ့ဘဝက Helium Balloon လိုပဲသားရေကိုလေထိုးပြီးချိန် အကြီးကြီးဖြစ်ပြီးဟိုးအမြင့်ဆုံးထိ တက်သွားကြတယ်'' ဆိုပြီးတော့ အနဂ္ဂတစ်ယောက် အနုပညာရှင်တွေ ရဲ့ ဘဝကို ပုံဖော်ရေးသားခဲ့ပါတယ်။ ဒီစာလေးကိုလည်း ဇူလိုင်လ ၂၀ ရက်နေ့ ည ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဘောလုံးပုံ ဓာတ်ပုံနဲ့ အတူ စာရေးတင်ခဲ့တာဖြစ်ပါတယ်။

Photo: သံသာဝင်းဖေ့စ်ဘွတ်

 

အနဂ္ဂဟာ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး သီချင်းရေးတယ်၊ ဖျော်ဖြေပွဲတွေ ဆိုတယ်၊ Music Studio နဲ့ သီချင်းအသစ်တွေ ဖန်တီးလျှက်ရှိပါတယ်။ အဲ့ဒီနောက် အမြဲတမ်း နားလည်ပေးတတ်တဲ့ ဇနီးချော အဆိုတော် သံသာဝင်းရယ် ချစ်စရာကောင်းတဲ့ တစ်ဦးတည်း သော သမီးလေး ကေသရီအနဂ္ဂလေးနဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပါတယ်။

Photo: သံသာဝင်းဖေ့စ်ဘွတ်

သမီးလေးအတွက် နာမည်ပေးကင်ပွန်းတပ်ပွဲကျင်းပခဲ့တဲ့ အနဂ္ဂ နဲ့သံသာဝင်း 

အနဂ္ဂကိုတော့ Rap ဂီတအဖွဲ့ကို စတင်လိုက်တဲ့ အက်ဆစ် အဖွဲ့ကနေ ပရိသတ်တွေ စတင်အားပေးလာကြတာဖြစ်ပါတယ်။ သံသာဝင်း ကိုတော့ အသံစူးစူးလေးနဲ့ အချစ်သီချင်း အေးအေးလေးတွေကနေတဆင့် ပရိသတ်တွေအားပေးခဲ့ကြတာပါ။ သံသာဝင်းဟာ ဝါရင့်ဂီတ ပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်နွဲ့ယဉ်ဝင်းရဲ့ သမီးဖြစ်ပါတယ်။

Photo: သံသာဝင်းဖေ့စ်ဘွတ်

 

အဆိုတော် သံသာဝင်းဟာ ဝါရင့်ဂီတအနုပညာရှင် နွဲ့ယဉ်ဝင်းရဲ့ ဂီတမျိုးဆက်သစ် ဆိုရင်လည်း မမှားပါဘူး။ အနုပညာရှင်တွေ ဖြစ်ကြ တဲ့ အနဂ္ဂနဲ့ သံသာဝင်းတို့ ကတော့ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာ မိသားစုအပေါ် အချိန်ပေးနေရတဲ့အတွက် ဂီတ အလုပ်တွေ ကို အနည်းအကျဉ်းသာ လုပ်နေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က