AD
AD
AD

idiot အဖွဲ့ဝင် အဆိုတော်ရေမွန် ဟာ သင်္ကြန်အမှတ်တရအနေနဲ့ သူတို့ တီးဝိုင်း ပထမဆုံးအကြိမ်မဏ္ဍာပ်မှာ တီးရတဲ့အချိန်မှာ လွဲခဲ့ဖူးတဲ့ အမှတ်တရ၊ နောက်ထပ်လည်း လူအများကြီးရဲ့ ဝိုင်းရိုက်တာခံလိုက်ရတယ်ဆိုတဲ့ အမှတ်တရတွေကို Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

'' သင်္ကြန်မှာ ပထမဆုံး မဏ္ဍာပ်မှာ စတီးကြတဲ့နှစ်ပေါ့နော် ပထမနေ့မှာ တီးပြီးတာနဲ့ ဒုတိယနေ့မှာ မဏ္ဍာပ်ကြီး ပိတ်သွားတော့ မတီးလိုက်ရဘူး။ နောက်နေ့ကျတော့ ကားနဲ့လျှောက်လည်ပြီးတော့ မုန့်သွားစားတယ်။ အဲ့ဒီမှာ လူအယောက် ၂၀ လောက်ရှိတယ် ကျွန်တော့်ကို ဝိုင်းရိုက်ကြတာအဲ့ဒီနှစ်ကတော့ အမှတ်တရပေါ့ အဲ့ဒီနောက်ပိုင်းလည်း သင်္ကြန်ဆိုရင် တစ်ယောက်တည်း ထွက်မလည်တော့ဘူး အုပ်စုလိုက်ပဲ သွားတာများတယ်'' လို့ သူကဆိုပါတယ်။

play

 

ဖြစ်ခဲ့တဲ့ ပြဿနာအစကလည်း ..........

'' အဲ့ဒါကလည်း ကောင်မလေးနဲ့ မုန့်စားနေတာ အဲ့ဒါကို သူတို့က လက်နဲ့ လိုက်စနေတော့ ကျွန်တော်လည်း တင်းပြီး ထိုးလိုက်တာ။ ကျွန်တော် တစ်ချက်ပဲ ထိုးရသေးတယ် အဲ့ဒီမှာ ဒူးတွေရော၊ ဖနောင့်တွေရော ဝင်လာပြီး သူတို့ လျှောက်လည်တဲ့ ကားတစ်စီးလုံး ဝိုင်းချတာ တော်တော်လေး စုတ်ပြတ်သွားတယ်'' လို့ ဆိုပါတယ်။

play

 

idiot အဖွဲ့ ဟာ အခုဆိုရင် ရော့ခ်ဂီတမျိုးဆက်သစ်အဖွဲ့ အနေနဲ့ အောင်မြင်နေတဲ့ ဂီတသမားတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ တေးသီချင်းတိုင်းကလည်း ယနေ့ခေတ် လူငယ် ယောက်ျားလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားပါတယ်။

Photo: ရေမွန်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD