AD
AD
AD

အခုလက်ရှိ ဂီတရေစီးကြောင်းအရ ပြည်တွင်းဖျော်ဖြေပွဲထက် ပြည်ပဖျော်ဖြေပွဲတွေ ဝင်ရောက်လာတဲ့အပေါ် အဆိုတော်ရဲလေးက ပြည်တွင်း ပွဲ တွေ နည်းပါးလာတာက ဈေးကွက်စီးပွားရေးစနစ်အရ ငွေအင်အားမသုံးနိုင်တော့ ရှိတဲ့အားနဲ့ ပွဲတွေမကျသွားအောင် ကြိုးစားဆောင်ရွက်နေ ရတယ်ဆိုတဲ့အကြောင်းကို Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်တို့ ပွဲတွေနည်းပါးလာရတာကလည်း ဈေးကွက်စီးပွားရေးစနစ်အရ မအားကြတော့တာရယ်၊ ပြီးတော့ ငွေအင်အားသုံးရတာ များ လာတာရယ်၊ ပွဲတိုက်တွေ အရမ်းများလာတာကြောင့် တချို့တွေက နောက်ဆုတ်သွားတဲ့ Productor တွေရှိတယ် အစုံပါပဲ။ ကျွန်တော်တို့က တော့ ကျွန်တော်တို့ခံယူချက်အတိုင်းပေါ့နော် ဘာဖြစ်ဖြစ် ကိုယ်တွေရဲ့ Music မတိန်ကောသွားအောင် ဖလန်းဖလန်း Fresh ဖြစ်နေအောင် အတတ်ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ပြည်ပဖျော်ဖြေရေးပွဲတွေဝင်ရောက်လာတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' နိုင်ငံခြားပွဲတွေဝင်လာတဲ့အခါမှာ သူတို့လောက် ကျွန်တော်တို့ငွေအင်အားမသုံးနိုင်တော့ ကျွန်တော်တို့ရှိတဲ့ အားလေးနဲ့ Local ပွဲလေးတွေ မကျသွားအောင် လုပ်တဲ့ပွဲလေးပါပဲ။ ကျွန်တော့်ပွဲလေးကို လာကြည့်ပါ။ တကယ့်ကို အင်တာနယ်ရှင်နယ် ပွဲတွေမှာ သုံးတဲ့ Special Effect ထည့်သွင်း ထားပါတယ်။ Local ပွဲတွေ ဈေးကွက်မပြတ်သွားနိုင်အောင် ကြိုးစားကြတာပေါ့နော်။ ကျွန်တော့်လိုပဲ အဲ့ဒီလိုစိတ်ရှိတဲ့ အနုပညာသမား တွေလည်း ရှိပါတယ်'' လို့ ပြောပါတယ်။

play

 

ဖျော်ဖြေပွဲတွေကိုလည်း လူကြီးဆန်ဆန်နဲ့ အောင်မြင်အောင်ကြိုးစားသွားမယ်ဆိုတဲ့ ရဲလေးရဲ့ ခံယူချက်ကိုလည်း ပြောပြခဲ့ပါတယ်။

 

'' ဒီပွဲအောင်မြင်သွားမယ်ဆိုရင်  နှစ်တိုင်းနှစ်တိုင်း ဒီ့ထက်ပိုပြီးတော့ ထူးခြားဆန်းသစ်တဲ့ တင်ဆက်မှုတွေနဲ့ တောက်လျှောက်လုပ်သွားနိုင် မယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲ့ဒီအတွက် ကုမ္မဏီတွေနဲ့ ပူးပေါင်းဖို့လည်းရှိပါတယ်။ ကျွန်တော်တို့ အရင်လို ကလေးဆန်ဆန်သွားလို့ မရတော့ဘူး လူကြီးဆန်ဆန်နဲ့ ကိုယ့်လောက အောင်မြင်ဖို့အတွက် ပြန်ကြည့်ရတော့မှာပါ'' လို့ ဆိုပါတယ်။

play

 

ဒီဇင်ဘာလ ၂ ရက်နေ့မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပပြုလုပ်သွားမယ့် အဆိုတော်ရဲလေးကတော့ ရန်ကုန်က ဖျော်ဖြေပွဲပြီးရင် နယ်မြို့ တွေဖြစ်တဲ့ မန္တလေး၊ မုံရွာ ၊ ဘိတ်၊ ထားဝယ် စတဲ့ နယ်မြို့တွေမှာလည်း သွားရောက်ဖျော်ဖြေချင်သေးတယ်လို့ဆိုပါတယ်။ ရန်ကုန်ဖျော်ဖြေပွဲ အောင်မြင်မှ နယ်ပွဲတွေ ဖျော်ဖြေလို့ရမှာဖြစ်ပြီး မန္တလေးမှာ ဖျော်ဖြေပွဲအရမ်းလုပ်ချင်နေတယ်လို့ ဆိုပါတယ်။

Photo: ရဲလေးဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD