AD
AD
AD

အဆိုတော် J fire ရဲ့ ကောက်ရိုးလေးတစ်မျှင် ဆိုတဲ့ သီချင်းအသစ်လေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာတော့ သောင်းချီ ကြတဲ့ ပရိသတ်တို့ရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒီ သီချင်းလေးကတော့ သူ့ရဲ့ ဘဝအတွက် အမှတ်တရအဖြစ်ဆုံး သီချင်းလေးတစ်ပုဒ်လို့ သိရပါတယ်။

play

 

'' တစ်နှစ်ကျော်လုပ်ထားရတဲ့ အခွေထွက်တုန်းကထက် တစ်နှစ်ကျော်လုပ်​ထားရပြီး သီချင်းလေးတစ်ပုဒ်အတွက်​ ပိုရင်ခုန်နေတယ်'' လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ကောက်ရိုးလေးတစ်မျှင် သီချင်းလေးကိုတော့ တစ်နှစ်လောက်အချိန် ယူခဲ့ ရတယ်လို့ သိရပါတယ်။ ဒီသီချင်းလေးက J Fire ရဲ့ ဘဝအမှန်ကို ရေးသား သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။

play

 

ဖခင်မရှိတော့တဲ့နောက် မိသားစုတစ်ခုလုံး အခက်အခဲတွေကြားထဲက ရုန်းထွက်နိုင်ဖို့ တက်ညီလက်ညီ အလုပ်ကြိုးစားခဲ့ရတဲ့ အကြောင်းတွေကို ရေးသားခဲ့တာပါ။ ဒီသီချင်းလေးကနေတဆင့် အခက်အခဲတွေကြားမှာရုန်းကန်နေကြတဲ့ လူငယ်တွေလည်း အင်အားဖြစ်စေမယ့် သီချင်းလေးတစ်ပုဒ် လို့ ထင်မိပါတယ်။

play

 

အဆိုတော် J-fire ကတော့ သူ့ရဲ့ တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ တစ်ပင်ရွှေထီး အခွေကို ပြုံး ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့ပြီး မန္တလေးပရိသတ်တွေသာမက တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုအများကြီးရခဲ့ပါတယ်။ အဲ့ဒီအခွေကနေတဆင့် လင်းလက်ပါကြယ်လို သီချင်းကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။

Photo: အောင်ကိုငြိမ်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD