AD
AD
AD
play

ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှု ဒဏ်တွေကြားက အောင်မြင်လာတဲ့ အဆိုတော် J Fire က သူ့ရဲ့ အချစ်ရေးအကြောင်းကို ရင်ဖွင့်လာပါ တယ်။ သူကိုယ်တိုင် ရုန်းကန်ကြိုးစားနေရတဲ့ အချိန်မှာ ထားခဲ့တဲ့ ချစ်သူတွေကလည်း ခေါင်းစဉ်အမျိုးမျိုးနဲ့ ထွက်သွားခဲ့ကြတယ်လို့ Duwun Media ကနေ ရင်ဖွင့်စကားဆိုခဲ့ပါတယ်။

''အဲ့ဒီအချိန်မှာ ကျွန်တော်အလိုချင်ဆုံးက ကောင်မလေးတစ်ယောက်ပဲ လိုချင်တယ် ဘာကြောင့်လဲဆိုတော့ ကြိုးစားနေရတာကိုး။ ရင်ဖွင့်စရာတွေ၊ တိုင်ပင်စရာတွေလိုတယ်။ ဒါပေမယ့်လည်း အဆင်မပြေဘူး တစ်ယောက်ပြီးတစ်ယောက် ထွက်ထွက်သွားကြတယ်။ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပေါ့ အဲ့ဒီအချိန်မှာ နားလည်သွားတာတွေလည်းရှိတယ်။ ဒီအချိန်မှာ ငါ ဒါတွေလုပ်လို့မရဘူး ကြိုးစားမယ် ပြီးရင် နောက်တစ်ခုက ချစ်ပြလို့မရဘူးပေါ့ အဲ့ဒါလေးတွေလည်း သိသွားတယ်'' လို့ သူကဆိုပါတယ်။

play

 

လက်ရှိမှာ အလုပ်တွေကြိုးစားနေတဲ့ J Fire က အချစ်ရေးကို ခေါင်းထဲထည့်ဖို့ သတိမရသေးပါဘူးတဲ့။

'' အချစ်ရေးအခြေအနေကတော့ အလုပ်ကိုပဲ အာရုံစိုက်ထားပါတယ်။ ကျန်တာတွေ ကျွန်တော်အများကြီးလုပ်စရာတွေရှိသေးတယ်။ သီချင်းလေးထဲမှာ ပြောခဲ့တဲ့ ကျွန်တော့်အိမ်မက်တွေ အများကြီးကျန်သေးတယ်။ အများကြီးလည်းလုပ်ရဦးမယ် အဲ့ဒီအတွက် အဲ့ဒါတွေကို ခေါင်းထဲထည့်ဖို့ သတိမရသေးပါဘူး။'' လို့ J Fire က Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

J Fire အနေနဲ့ သူလိုချင်တဲ့ ချစ်သူမျိုးတွေ့လာခဲ့ရင်တော့ အချိန်ပေးပြီးစောင့်ကြည့်ဦးမယ်လို့ ဆိုပါတယ်။ အနုပညာသမားတစ်ယောက် မဟုတ်ပဲ သာမာန်လူငယ်တစ်ယောက်သာဆိုရင် အခုချက်ချင်းရည်းစားထား၊ ချက်ချင်းဖေ့စ်ဘွတ်ပေါ်တင်ပြီး တွဲပြတာ ပြဿနာမရှိ ဘူး၊ လမ်းခွဲခဲ့ရင်တောင် သူငယ်ချင်းတွေကြားထဲမှာ ကောင်မလေးက ရည်းစားရလို့ ပြတ်သွားတယ်ဆိုတဲ့ ဆင်ခြေပေးလို့ရမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

ကိုယ်တိုင်က အနုပညာသမားတစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ ရည်းစားတစ်ယောက်ကို အခုတွဲ အခုပြတ် လုပ်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

'' ကျွန်တော်တို့ အဆိုတော်ဖြစ်လာတဲ့အချိန်မှာ ရည်းစားတစ်ယောက်ထားတယ် ချက်ချင်း Official တွဲပြလို့မရဘူး။ တွဲပြနေချိန်မှာ အဆင်မ ပြေတာတွေအများကြီးကြုံလာပြီးတော့မှ ပြတ်သွားမယ်ဆိုရင် ကျွန်တော်တို့အတွက်ကပြဿနာပိုကြီးမယ်လေ။ အဲ့ဒါကြောင့် အချိန်ပေးပြီးတော့ လေ့လာရမယ်လို့ထင်တယ်၊ စိတ်ကူးထဲက ချစ်သူလေးကတော့ ချောချောလေးပေါ့'' လို့ သူက ဆိုပါတယ်။

J Fire ဟာ မကြာခင်က ကောက်ရိုးလေးတစ်မျှင်ဆိုတဲ့ MTV အသစ်လေးတစ်ပုဒ် ပရိသတ်ကို ချပြခဲ့ချိန်မှာ အားပေးမှု အများကြီး ရခဲ့ပါတယ်။ ဒီသီချင်းလေးထဲမှာလည်း ကြမ်းတမ်းတဲ့ ဘဝအမျိုးမျိုးကို ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ အကြောင်းတွေကို ရိုက်ကူးပုံဖော်ထားပါတယ်။

အဆိုတော် J-fire ကတော့ သူ့ရဲ့ တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ တစ်ပင်ရွှေထီး အခွေကိုလည်း ပရိသတ်တွေအားပေးမှုများစွာ ရရှိခဲ့ပြီး လင်းလက်ပါကြယ်လို အမည်ရတဲ့ သီချင်းကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ အဲ့ဒီနောက် ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ ၂ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဂီတလောကထဲက အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင် ထားပါသေး တယ်။

Postby

 

Photo: J Fire Fb

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD