ထက်ဦးထွဋ် ထွက်သွားတဲ့အပေါ် Jay Baas ရဲ့ခံစားချက်

Innocence ဇာတ်လမ်းတွဲ မှာ မြူခိုး ကာရိုက်တာနဲ့ သရုပ်ဆောင်မယ့် ထက်ဦးထွဋ်ဟာ ဒီဇာတ်လမ်းတွဲကို မရိုက်ဖြစ်တော့ တာကြောင့် မြူခိုးနဲ့ တွဲဖက်သရုပ်ဆောင်မယ့် တုနှိုင်းခ ဆိုတဲ့ ဇာတ်ကောင်အဖြစ် ပါဝင်မယ့် Jay Baas တစ်ယောက် စိတ်မကောင်းဖြစ်နေပါတယ်။ ဒီအတွက်ကြောင့်လည်း အခက်အခဲတွေရှိတယ်လို့ဆိုပါတယ်။

 

 Innocence ဇာတ်လမ်းတွဲ မှာ မြူခိုး ကာရိုက်တာနဲ့ သရုပ်ဆောင်မယ့် ထက်ဦးထွဋ်ဟာ ဒီဇာတ်လမ်းတွဲကို မရိုက်ဖြစ်တော့တာကြောင့် မြူခိုးနဲ့ တွဲဖက်သရုပ်ဆောင်မယ့် တုနှိုင်းခ ဆိုတဲ့ ဇာတ်ကောင်အဖြစ် ပါဝင်မယ့် Jay Baas တစ်ယောက် စိတ်မကောင်းဖြစ်နေပါတယ်။ ပရိသတ် တွေက လည်း ထပ်တူ ဝမ်းနည်းနေကြတယ်လို့ ဆိုပါတယ်။

'' အဲ့ဒီအတွက်ကတော့ စိတ်မကောင်းဘူး၊ ခံစားချင်က ဘယ်လိုကြီးလည်း ဆိုတာကို မပြောပြခဲ့ဘူး။ ကြိုတော့ သိခဲ့တယ်။ ကြိုသိခဲ့ပေ မယ့်လည်း တကယ်ကြေညာတဲ့အခါမှာ စိတ်ထဲ လုံးဝမကောင်းဘူး Fan တွေလည်း ဒီလိုဖြစ်မယ်ဆိုတာကို သိပါတယ်။ ဒီလောက်အကြာကြီး လက်တွဲလာပြီးတော့မှ သူမလုပ်တော့ဘူး ဆိုတော့ အခက်အခဲတွေတော့ ရှိမှာပါ'' လို့ ဆိုပါတယ်။

Photo: Innocence Page

 

ဇာတ်လမ်းတွဲအကြောင်း စတင်မိတ်ဆက်လိုက်ကတည်းက ထက်ဦးထွဋ် နဲ့ Jay Baas နဲ့ တွဲရမယ်ဆိုတာကို ကာယံကံရှင်တွေ အပြင် Fan များ စွာလည်း သိရှိပြီးသားဖြစ်ပါတယ်။ အခုချိန်မှာတော့ ထက်ဦးထွဋ်က Innocence ဇာတ်လမ်းတွဲထဲမှာ မပါဝင်တော့တာကြောင့် Jay Baas မှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

'' ကျွန်တော့်အတွက် အခက်အခဲကတော့ ဒီလူတစ်ယောက်နဲ့ လက်တွဲရမယ်လို့ သိပြီးသားအချိန်မှာ နောက်လူတစ်ယောက်ပြောင်းမယ် ဆိုတော့ လက်မခံနိုင်သေးဘူး။ ဒါပေမယ့်လည်း ကြိုးစားရမှာဘဲလေ သူလည်း သူ့ဘဝရှေ့တက်လမ်းတွေ အများကြီးရှိမှာဘဲလေ။ အကြောင်း တစ်ခုခုကြောင့် ထွက်သွားတာလည်း ဖြစ်မှာပါ'' လို့ ပြောခဲ့ပါတယ်။

ဇာတ်လမ်းတွဲမရိုက်ဖြစ်လို့ ပရိသတ်မုန်းတာခံရတဲ့ ထက်ဦးထွဋ်  

အခုလက်ရှိမှာတော့ Jay Baas ဟာ Innocence ဇာတ်လမ်းတွဲ ရိုက်ကူးဖို့အတွက် ဒုတိယကုမ္ပဏီနဲ့ အတူ စာချုပ်ပါ အချက်အလက် တွေကို ညှိနှိုင်းလျှက်ရှိနေတုန်းလို့ သိရပါတယ်။ Innocence ဇာတ်လမ်းကို ရိုက်ကူးမယ့် ပထမကုမ္ပဏီက အရင် စာချုပ်ကို ဖြတ်သိမ်းခဲ့တယ်ဆိုတာကို သြဂုတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ Life & Right ဆိုင်သစ်ဖွင့်ပွဲက Duwun Media ကို ဖြေဆိုခဲ့တာပါ။

'' Innocence ရဲ့ လက်ရှိအခြေအနေကတော့ နှောင့်နှေးမှုရှိနေတယ်။ ပထမကုမ္ပဏီနဲ့က ဆက်ပြီးတော့ မလုပ်ဖြစ်တော့ဘူး၊ ပထမကုမ္ပဏီက နေ စာချုပ်ဖြတ်သိမ်းဖို့ ပြောခဲ့တဲ့အတွက် ကျွန်တော်တို့လည်း စာချုပ်ဖြတ်သိမ်းခဲ့ပါတယ်။ အခုလာမယ့် ကုမ္ပဏီကတော့ ကျွန်တော်နဲ့ စာချုပ် ကိစ္စညှိနှိုင်းနေတဲ့ အခြေအနေပေါ့'' လို့ ဆိုပါတယ်။

Photo: Innocence Page

 

Jay Baas ကိုတော့ Boy Love Series ဖြစ်တဲ့  Innocence ဇာတ်ကားမိတ်ဆက်ပေးလိုက်တဲ့ အချိန်မှာပဲ ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါ တယ်။ အခုချိန်မှာတော့ သူ့ကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း အများကြီးရှိပါတယ်။ Jay Baas တစ်ယောက် Innocence ဇာတ်လမ်းတွဲကို ဆက်ရိုက်ဖြစ် မရိုက်ဖြစ်ကိုလည်း ပရိသတ်တွေက စောင့်မျှော်နေကြပါတယ်။

 

Share

Loading Next Article...
က္က