AD
AD
AD
play

 

ပြည့်စုံလွန်းသီချင်းလေးရဲ့ MTV Cover မှာ သရုပ်ဆောင်တဲ့ jenny ကို  အနုပညာနဲ့ပတ်သက်လို့ လာရောက်ကမ်းလှမ်းတာတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်ကို ဝါသနာပါပေမယ့် မင်းသမီးတစ်ယောက်ဖြစ်လာဖို့တော့ စိတ်ကူးမရှိဘူးဆိုပြီး Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ တာပါ။

'' ဒီ MTV လေးရိုက်ပြီးတော့ တော်တော်များများက ကမ်းလှမ်းလာတာတွေတော့ရှိပါတယ်။ ဒီ MTV လေးရိုက်ဖြစ်တယ်ဆိုတာကလည်း ညီမ ကျောင်းပိတ်တုန်းလေးရိုက်ဖြစ်တာပါ။ အနုပညာအလုပ်ကိုလည်း နည်းနည်းတော့ ဝါသနာပါတယ်။ ဒီလိုလေး လာကမ်းလှမ်းတာမျိုး ဆိုရင် တော့ လုပ်ဖြစ်တယ်။ ဒါပေမယ့်လည်း ညီမရဲ့ ပညာရေးကို မထိခိုက်ဘူး၊ ညီမလည်း  အချိန်ပေးနိုင်တယ်ဆိုရင် သေးသေးမွှားမွှားလေးတွေတော့ ရိုက်သွားမယ်''

play

 

Jenny ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ဥပဒေပညာကို စတုတ္ထနှစ် တက်ရောက်ပညာသင်ကြားနေတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်ထက် ပညာရေးအပိုင်းကို ပိုပြီးဦးစားပေးသွားမယ်လို့ ဆိုပါတယ်။

'' အဖေကလည်း မလုပ်ခိုင်ဘူး၊ အခုလောလောဆယ် လုပ်နေတာတွေကလည်း ညီမက Law တက်နေတာ နောက်တစ်နှစ်ကျန်သေးတယ်။ နောက်တစ်နှစ်ကျရင်တော့ အဖေရော၊ အမေရော၊ ကျောင်းက ဆရာမတွေကလည်း အမြဲသတိပေးတယ်၊ အနုပညာအလုပ်တွေကို လျှော့လုပ်ဖို့ စာကို ဦးစားပေးဖို့ပေါ့နော်။ ညီမကလည်း စာကိုပဲ ဦးစားပေးပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း ပညာရေးပဲ အဓိက ထားသွားဖို့ စိတ်ကူးထားတာပါ'' လို့ သူကပြောပါတယ်။

play

 

ပညာရေးကို အလေးထားတဲ့ Jenny အနေနဲ့ နိုင်ငံခြားမှာ စကောလားရှစ် တက်ရောက်ဖို့လည်း စိတ်ကူးရှိတယ်လို့ ဆိုပါတယ်။

''ညီမက Law နောက်ဆုံးနှစ် တစ်နှစ်ကျန်သေးတယ်။ ဒီကျောင်းပြီးသွားရင်တော့ နိုင်ငံခြားမှာ စကောလားရှစ်တက်ဖို့ လျှောက်ချင်တယ်။ ဒါကတော့ လက်ရှိစိတ်ကူးလေးပါ။ မိသားစုတွေကလည်း မင်းသမီးလုပ်ဖို့ထက် ပညာရေးကို ဦးစားပေးဖို့ တိုက်တွန်းတာကို သဘောကျတယ်။ ညီမကိုယ်တိုင်ကလည်း အနုပညာအလုပ်ကို ဝါသနာပါပေမယ့် ပညာရေးကို ပိုပြီးဦးစားပေးချင်တယ်'' ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

play

 

Jenny ကို အဆိုတော် ဇော်ပိုင်သီဆိုထားတဲ့ ပြည့်စုံလွန်း MTV လေးထဲကနေ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ ခန္ဓာကိုယ် သေးသေးသွယ်သွယ်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာ၊ လှပလွန်းတဲ့ အပြုံးလေးတွေကြောင့်လည်း ယောက်ျားလေးပရိသတ်၊ မိန်းကလေး ပရိသတ်တွေ အားပေးလာကြတာဖြစ်ပါတယ်။ Jenny ဟာ အခုလက်ရှိမှာ တီဗီကြော်ငြာလေးတွေ ၊ MTV လေးတွေရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD