AD
AD
AD

Glaxy Stars Myanmar ပြိုင်ပွဲကြီးကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အဆိုတော် Kye က ပထမဆုံး တစ်ကိုယ်တော် Mini Album ဖြစ်တဲ့ Key မှာ ပါဝင်မယ့် Sunday Without You ဆိုတဲ့ သီချင်းအမြည်းလေးကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မိတ်ဆက်လိုက်တဲ့ အချိန်မှာ အားပေးကြည့်ရှုတဲ့ပရိသတ်တွေကလည်း အများကြီးပါပဲ။

play

 

'' လာမည့် April 7 ရက်နေ့မှာ ဖြန့်ချီရောင်းချမှာဖြစ်တဲ့ ကျွန်တော့်ရဲ့ ပထမဦးဆုံး Mini Album "KEY" မှာ ပါဝင်မည့် Title သီချင်းလေးကို အမြည်းနားထောင်ကြည့်ရအောင် တင်ပေးလိုက်ပါတယ်။♦️Credits♦️▪️Produced by Chan A Win (Fireworks Production), Shwe Gyaw Gyaw▪️Lyrics by Shwe Gyaw Gyaw,▪️Mastering & Mixing ,Chan A Win (Fireworks Production)'' ဆိုပြီးတော့ မိတ်ဆက်ပေးခဲ့ပါတယ်။

play

 

Key ရဲ့ ပထမဆုံးအခွေနာမည်ကတော့ Key လို့ ပေးထားပြီး သီချင်းငါးပုဒ် ပါဝင်မှာ ဖြစ်ကာ မြန်မာသီချင်းလေးပုဒ်နဲ့ အင်္ဂလိပ် သီချင်းတစ်ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။အဲ့ဒီအခွေမှာ ပါဝင်တဲ့ တေးရေးတွေကတော့ တေးရေးဆရာရွှေဂျော်ဂျော်၊ ဝေကြီး၊တို့က ရေးသားထားပြီးတော့ အတီးပိုင်းကိုတော့ ချမ်းအေးဝင်း / DJ Rush တို့က ပုံဖော်ပေးထားပါတယ်။

play

 

အင်္ဂလိပ် သီချင်းကိုတော့ ကိုရီးယားမှာ Shinee ၊ Miss A ၊ Infinte၊ Apink၊  Lovely & Gfriend အစရှိတဲ့ နာမည်ကြီးအဆိုတော်များကို သီချင်းရေးသားထုတ်လုပ်ပေးတဲ့  Music producer မှ ရေးသားထုတ်လုပ်ပေးထားခြင်း ဖြစ်ပါတယ်။Key Lashi ရဲ့ EP album ပြင်ဆင်ထုတ်လုပ်ခြင်း ကို 1004 Entertainment မှ တာဝန်ယူ ဆောင်ရွက်ပေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

Photo:Key ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD