AD
AD
AD
play
Photo: Bella Facebook

 

အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ အလှမယ်လေး Bella ကိုတော့ ပရိသတ်တွေက Lesbian လားဆိုပြီးတော့ မေးခွန်းထုတ် နေကြပါတယ်။ မကြာခင်က ထွက်ရှိခဲ့တဲ့ အဆိုတော် စန္ဒီမြင့်လွင်နဲ့ ဆိုဖီယာတို့ သီဆိုထားတဲ့ IDFC ဆိုတဲ့ သီချင်းလေးမှာ Lesbian တစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Bella ကို Lesbian လားဆိုတဲ့ မေးခွန်းတွေ အပေါ်မှာလည်း Duwun Media ကနေ အခုလို ပြောပြခဲ့ပါတယ်။

'' မမစန္ဒီမြင့်လွင်တို့ သီချင်းရိုက်ဖို့ ဖုန်းဆက်ကတည်းက Bella ရေ Lesbian ဇာတ်နော် ရိုက်မလား အဆင်ပြေပါ့မလားလို့မေးတယ်။ Bella ကလည်း ဘာမှမဖြစ်ဘူးပေါ့နော်။ ဒါက သရုပ်ဆောင်တာဘဲ ပရိသတ်တွေကလည်း အစကတည်းက Bella နဲ့ ပုဏ္ဏမီကို Relationship တင်ကတည်းက အဲ့ဒီလိုမျိုးထင်နေကြတယ်။ အဲ့ဒီတုန်းကတည်းကလည်း တစ်ခုခုဖြစ်လာတော့မယ်ဆိုတာ Bella သိနေတယ်။ ဒါပေမယ့် အဲ့ဒီ သီချင်းလေးရိုက်ထားတာက မနှစ်က ဒီဇင်ဘာလောက်က ရိုက်ထားတာ ပြီးခဲ့တဲ့ လကမှထွက်သွားတာ ဒါပေမယ့် အရမ်းလည်းပေါက်တယ်။ ပြီးတော့ Bella ကိုလည်း လာမေးကြတယ် Lesbian လားလို့ပေါ့ အဓိက ကတော့ ပရိသတ်တွေ ထင်ချင်သလို ထင်လို့ရပါတယ်။ ကိုယ်ကိုယ် တိုင်က official ချပြစရာ လူမရှိသေးတဲ့အတွက်ကြောင့် ပရိသတ်တွေ ထင်ချင်တာ ထင်ခွင့်ရှိပါတယ်'' လို့ သူကဆိုပါတယ်။

play
Photo: Bella Facebook

 

Bella ဟာ အချစ်ရေးနဲ့ ပတ်သက်လို့ တည်ငြိမ်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ယောက်ျားလေးတစ်ဦးနဲ့ ချစ်တယ် ကြိုက်တယ်ဆိုတဲ့ သတင်းထွက်တာမျိုးလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် သူငယ်ချင်းဖြစ်တဲ့ မြတ်ပုဏ္ဏမီနိုင် နဲ့အတူ Relationship တင်လိုက်ချိန်မှာတော့ ပရိသတ်တွေကြားထဲ မှာ Lesbian ဆိုပြီးတော့ အထင်ခံလိုက်ရတာဘဲ ဖြစ်ပါတယ်။

'' Bella က အချစ်ရေးနဲ့ပတ်သက်လို့ ယောက်ျားလေးနဲ့ပတ်သက်လို့ အရမ်းကြီး ရှုပ်ရှုပ်ရှက်ရှက်ရှိတာမျိုး သတင်းမထွက်ဖူးဘူး။ အဓိက ထွက်တာက မိန်းကလေးနဲ့ဘဲ ထွက်တာပေါ့နော်။ အဲ့ဒီတော့ ပရိသတ်တွေပြောစရာက Lesbian ဆိုပြီးတော့ဘဲရှိတယ်။ LGBT ဆိုတာကလည်း အခုခေတ်မှာ အရမ်းကိုတွင်ကျယ်လာပြီ မိန်းကလေး သူငယ်ချင်းနှစ်ယောက် လက်တွဲလမ်းလျှောက်ရင်တောင်မှ အမျိုးမျိုးအထင်ခံ လာရပြီ ပေါ့နော် ဒါကြောင့်လည်း ပရိသတ်တွေက Lesbian လို့ထင်လာကြတဲ့ အပေါ် ဘာမှတော့မပြောချင်ပါဘူး။ အထင်ခံရတာကိုလည်း ပျော်ပါ တယ်။ ကိုယ်တိုင်က Lesbian မဟုတ်တဲ့အတွက်လည်း ပျော်ပါတယ်'' လို့ဆိုပါတယ်။ 

play
Photo: Bella Facebook

 

Bella ဟာ အိမ်ထောင်ပြုရင်တော့ ယောက်ျားလေးဘဲယူမှာပါတဲ့။ တစ်နေ့ကို Crush တဲ့ကောင်လေးကလည်း ၅ ယောက်လောက် ရှိတယ်လို့  သူကဆိုပါတယ်။

'' ယူတာကတော့ ယောက်ျားလေးဘဲယူမှာပါ။ စိတ်ချပါ။ Crush နေတာကတော့ အများကြီးပဲ တစ်ရက်ကို ၅ ယောက်လောက် Crush ပါတယ်။ Bella က စိတ်ထဲမှာ Series အရမ်းမထားဘူး။ သူငယ်ချင်းတွေနဲ့ အပြင်သွားရင်တောင် ဟဲ့.. ဟိုဘဲလေးချောတယ်ဆိုတာလောက်ပဲ။ သူ့ကို သေချာကြီးစဉ်းစားမယ်၊ သူ့ကို အရမ်းကြီးချစ်သွားအောင်ကြိုးစားမယ်ဆိုတာကြီးတော့ မရှိပါဘူး'' ဇွန်လ ၁၁ ရက်နေ့က ချက်ထရီယမ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Myanmar World 2018 ပြိုင်ပွဲဝင် အယောက် ၂၀ မိတ်ဆက်ပွဲမှာ Duwun Media ကို ဝိုင်းလေးက ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

play
Photo: Bella Facebook

 

အလှမယ် Bella ကတော့ Miss Myanmar World 2016 နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲ ပြီးသွားတဲ့နောက်မှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းဓာတ်ပုံတွေ လည်း ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင်တော့ သရုပ်ဆောင်ဘက်ကိုလည်း အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကြိုးစားချင်သေးတယ်လို့ သူကဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD