AD
AD
AD

အဆိုတော် Lil'z ကတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေထွက်ရှိနိုင်ဖို့ ပြင်ဆင်နေတာ ကြာပေမယ့် တစ်ဖက်မှာလည်း အခွေနဲ့အတူ ပရိသတ် စိတ်ဝင်စား မယ့် အရာကိုဆောင်ရွက်နေရတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အခွေက နည်းနည်းကြာနေတယ်ဆိုတာက အခွေနဲ့ မသက်ဆိုင်တဲ့ တခြားအလုပ်တစ်ခုကို ကျွန်တော်လုပ်နေလို့ အဲ့ဒါကလည်း ၇ လလောက် ရှိပြီ။ အခွေနဲ့ တစ်ပြိုင်တည်း ထွက်လို့ရအောင် ပရိသတ်ပိုပြီးတော့ စိတ်ဝင်စားအောင်လုပ်နေတာဖြစ်တဲ့အတွက် အခွေဘက်ကို နည်းနည်းလေး အားလျော့သွားတယ်။ အနုပညာနဲ့ပတ်သက်တဲ့အလုပ်ပါပဲ ကျွန်တော်တို့ Hip Hop Culture ထဲကပါပဲ ထွက်လာရင်တော့ သိမှာပါ'' လို့ Lil Z က ဆိုပါတယ်။

play

 

တစ်ကိုယ်တော်ထွက်ရှိမယ့်အခွေမှာ ကိုယ်တိုင်ရေးသီချင်းတွေအပြင် ပြောင်းလဲလာတဲ့ သီချင်းအမျိုးအစားတွေကိုလည်း သူလက်ခံတယ်လို့ ဆိုပါတယ်။

'' အခွေကလေ ၈၀ ရာခိုင်နှုန်းလောက်ပြီးနေပြီ ။ အခွေထဲမှာတော့ ကျွန်တော်ဆိုတဲ့ အပိုင်းတွေကို ကိုယ်တိုင်ပဲရေးတာပါ သီချင်းပုံစံတွေက ဆင့်ကဲပြောင်းလဲလာတာတွေကို ကျွန်တော်လက်ခံလာတယ်။ Track Music နဲ့ သက်ဆိုင်တဲ့ ပုံစံမျိုးကို ကျွန်တော် နည်းနည်းလုပ်ထားတယ် ကိုယ့်ပုံစံလည်း မပျက်အောင်လုပ်ထားပါသေးတယ်။ Hip Hop အပြင် ကျွန်တော်နှစ်သက်တဲ့ Music Style လေးတွေလည်း လုပ်ထားပါတယ်'' လို့ သူကပြောပါတယ်။

play

 

အရင်တုန်းက သီချင်းရေးရမှာကို ကြောက်နေတတ်တဲ့ သူ့အနေနဲ့ အခုချိန်မှာရေးတဲ့ သီချင်းတွေက ကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ ပရိသတ်က ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။

 

'' သီချင်းစာသားပိုင်းမှာလည်း အရင်တုန်းက သီချင်းတစ်ပုဒ်ကိုရေးရမှာကြောက်တယ်၊ အသက်ကြီးလာတဲ့အခါမှာတော့ သီချင်းလုပ်နေတယ် ဆိုတာ ကြောက်စရာမလိုဘူး အဓိက က ခံစားချက်အလျောက်ရေးတာဖြစ်တဲ့အတွက်ကြောင့် ကောင်းသည်မကောင်းသည်ကို ပရိသတ်က ဆုံးဖြတ်ပါမယ်'' လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

Lil'z ကတော့ Hip Hop ဂီတလောမှာ အောင်မြင်နေတဲ့ လူငယ်အဆိုတော်တစ်ယောက်ဖြစ်ပြီး မိန်းကလေးပရိသတ်အများစု အားပေးကြတဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ 4 Album လို့အမည်ပေးထားတဲ့ Audio CD ကို အဆိုတော် ထက်ယံ၊ ရွှေထူး၊ X-Box တို့နဲ့ အတူထွက်ရှိခဲ့တာဖြစ်ပြီး MTV အတွက်ကတော့ စီစဉ်နေတုန်းလို့ သိရပါတယ်။

photo: Lil'z Facebook

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD