ကိုယ့်ခံစားချက်အပြည်နဲ့ ဆိုရတဲ့ သီချင်းတွေက Feel လာတယ်။

အဆိုတော်မလေး Mary က အသည်းကွဲနေတာမဟုတ်ပါဘူးတဲ့။ ခံစားချက်လေးတွေနဲ့ ရေးချလိုက်တဲ့ စာလေးတွေက ပရိသတ် အတွက် ဝေခွဲ မရဖြစ်ခဲ့ရင် တောင်းပန်ပါတယ်လို့ ပြောပါတယ်။ သိပ်မကြာခင်မှာတော့ Mary ရဲ့ သီချင်းအသစ်လေးတွေကို ပရိသတ်တွေ နားဆင်ရတော့မှာပါ။

 

အဆိုတော် Mary တစ်ယောက် သူ့ရဲ့ ကိုယ်ပိုင်ပေ့ချ်လေးကနေပြီး အခုတလောမှာ အသည်းကွဲစာသားလေးတွေ ရေးဖြစ်နေတာကို တွေ့ရပါ တယ်။ Mary ကိုယ်တိုင်ကလည်း ဒီလိုစာသားလေးတွေကြောင့် သူ့ရဲ့ ပရိသတ်တွေက တွေဝေသွားခဲ့ ရင် တောင်းပန်တဲ့အကြောင်း Huawei Nova 3 နဲ့ Nova 3i ပစ္စည်းသစ် မိတ်ဆက်ပွဲကို တက်ရောက်ရင်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' အခုလတ်တလော Mary ရဲ့ Page မှာတင်တဲ့ အချစ်ရေးဆန်ဆန်အရာလေးတွေကတော့ တွေဝေသွားရင်လည်း Sorry ပါလို့ တကယ်တော့ ဘာမှ မဟုတ်ပါဘူး၊ တချို့စာသားလေးတွေကတော့ သီချင်းစာသားလေးတွေရှိတယ်၊ တချို့ကတော့ တကယ့် ခံစားချက်၊တချို့ကျတော့ စာအုပ်တွေဖတ်နေရင်း ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးကို ရေးလိုက်တဲ့ အရာပါပဲ. အသည်းကွဲနေတာမဟုတ်ပါဘူး' လို့ သူက ဆိုပါတယ်။

Photo: Mary Page

 

Mary ဟာ ဇူလိုင်လ ၂၀ ရက်နေ့မှာ စပြီး လိုသုံး ဆိုတဲ့ သီချင်း teaser လေးကို သူ့ရဲ့ ကိုယ်ပိုင် Page ကနေ ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ ပါတယ်။ သီချင်းရဲ့ MTV အပြည့်အစုံကိုတော့ သြဂုတ်လ ပထမအပတ်မှာ တင်ပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဒီသီချင်းလေးကိုလည်း Mary ကိုယ်တိုင် ခံစားချက်နဲ့ရေးသားသီဆိုထားတဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။

'' မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက် သီချင်းလေးတွေ ဆိုဖြစ်တာကလည်း Mary ကိုယ်တိုင်ရေးတဲ့ သီချင်းတွေကို ဆိုရတာ ပိုပြီးတော့ အားသန်တယ်။ Mary ကိုယ်တိုင်ရေးထားရင် ဘယ်မှာပဲ ဆိုဆို ဒါဟာ Mary ခံစားချက်ပေ့ါနော် ဒါဟာ ငါကိုယ်တိုင်ရေးပြီးတော့ ငါ ကိုယ်တိုင် ဆိုတာ ငါ့ခံစားချက် အပြည့်ပါတယ် ဆိုတဲ့ အရာကြီးကို ပိုပြီးတော့ Feel လာတယ်'' လို့ သူကဆိုပါတယ်။

Photo: Mary Page

Big Bag အဖွဲ့နဲ့အတူ သီချင်းသစ် ပြင်ဆင်နေတဲ့ မေရီ 

ကိုယ်တိုင်ရေးသီချင်းတွေ သီဆိုရတာကို ပိုအားသန်တဲ့ Mary က သူရဲ့ ခံစားချက်အစစ်တွေကိုလည်း သီချင်းအဖြစ် ချရေးတတ်ပါတယ်။ နောက်ထပ်လည်း သူ့ခံစားချက်အစစ်မဟုတ်တဲ့ သီချင်းလေးတွေကိုလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျအောင် ရေးရတာက သူ့အတွက် အဆင်ပြေတယ်လို့ ပြောပါတယ်။

'' သီချင်းချရေးလိုက်တဲ့အချိန်ကလည်း မိန်းကလေးဖြစ်တဲ့အတွက်ကြောင့် မိန်းကလေးဘက်က စဉ်းစားတွေးခေါ်တဲ့ အပိုင်းတွေတော့ သီချင်း ရေးပေးဖြစ်တာများပါတယ်။ ဝဲ ၊ Mask ၊ 3AM သီချင်းတွေဆိုရင် Mary တကယ်မဖြစ်ခဲ့ပဲနဲ့ ရေးထားတဲ့ သီချင်းလေးတွေပါ။ တကယ်မဖြစ်ဖူး တဲ့ ခံစားချက်နဲ့ ရေးတဲ့ သီချင်းလေးတွေက Mary အတွက် အနေတော်လေးဖြစ်တယ်လို့ ခံစားရတယ်'' လို့ ဆိုပါတယ်။

 

ထူးခြားတဲ့ အသံပိုင်ရှင်လေး အဆိုတော် Mary ဟာ သူ့ရဲ့အသံက ငယ်ငယ်လေးကတည်းကလည်း ဒီအသံ အတိုင်းပါပဲတဲ့။ သူ့ရဲ့ ကိုယ်ပိုင် အသံ နဲ့ သီဆိုထားတဲ့ ဝဲ ၊ Mask ၊ 3 AM သီချင်းတွေကိုလည်း ပရိသတ်တွေက အားပေး လက်ခံကြလို့ သူ့ကိုယ်သူ ကံကောင်းသွားတာပါလို့ ဆိုပါတယ်။ Mary ရဲ့ သီချင်းအသစ်လေးတွေကလည်း မကြာခင် ပရိသတ်အရှေ့ရောက်လာတော့မှာပါ။

 

Share

Loading Next Article...
က္က