AD
AD
AD

၆၆ ကြိမ်မြောက် ကျင်းပပြုလုပ်မယ့် Miss Universe  2017 ပြိုင်ပွဲကြီးကို  မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မယ့် အလှမယ် Miss Universe  Myanmar 2017 ဇွန်သံစဉ်ကတော့ ဒီပြိုင်ပွဲကြီးမှာ ရင်ခုန်မှုဆိုတာထက် ဘယ်လိုအကောင်းဆုံး ကြိုးစားပြီးတော့ ပြင်ဆင်မလဲဆိုတာပဲ ခေါင်းထဲမှာ ထည့်စဉ်းစားထားတယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

'' ရင်ခုန်မှုထက် ဘယ်လိုမျိုးအကောင်းဆုံးကြိုးစားပြီးတော့ ပြင်ဆင်မလဲဆိုတာကိုပဲ ထည့်ထားတယ်။ အဓိက က အကောင်းဆုံး Perfoment တွေပြမလဲ၊ ဘယ်လို Activity တွေမှာ လှုပ်ရှားပြီး တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ အင်တာဗျုးတိုင်းမှာလည်း အဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုပဲ အဓိက ဦးနှောက်ထဲမှာ ထည့်ပြီးတော့ စဉ်းစားနေ ပါတယ်၊ အဓိက ကတော့ Catwalk ပိုင်း ပြင်ဆင်တယ်၊ ဘာသာစကားအပိုင်းမှာလည်း အဆင်ပြေအောင်ပြင်ဆင်ထားတယ်၊ အဝတ်အစားပိုင်း ၊ နေပုံထိုင်ပုံနဲ့ အဓိက ကတော့ စိတ်ဝင်စားမှုရှိအောင် စိတ်နှစ်ပြီးတော့ ကြိုးစားယှဉ်ပြိုင်သွားပါမယ်'' လို့ ဆိုပါတယ်။

play

 

Miss Universe 2017 ပြိုင်ပွဲကြီးအတွက် အလှမယ် ဇွန်သံစဉ်က National Costume အဖြစ် မြန်မာ့ဆိုင်းဝိုင်း ကို အခြေခံထားတဲ့ ဝတ်စုံပြင်ဆင်ဖြစ်ခဲ့ ပုံကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

''  National Costume ကတော့ မြန်မာ့ဆိုင်းဝိုင်းကိုပဲ အခြေခံပြီး ကုန်းဘောင်ခေတ် မင်းသမီးတစ်ပါးပုံစံမျိုးကို အခြေခံထားတာ ပေါ့နော်။ National Costume အိုင်ဒီယာလေးကိုတော့ မကြီးစိုးယုဝေကနေပြီးတော့ စဉ်းစားဖြစ်တယ်၊ သူစဉ်းစားပြီးတော့ ဒီဇိုင်နာ မသဇင်ခင်ကို မြန်မာ့ဆိုင်းဝိုင်း လို ချုပ်လုပ်ဖို့အတွက်ပြောတယ်။ ညီမလည်း လုပ်ဆောင်နိုင်မယ့် ဝတ်စုံမျိုးဖြစ်အောင် လှလည်းလှ အောင်၊ ခမ်းလည်းခမ်းနားအောင် သူ့ဘက်ကနေ အကောင်းဆုံးတီထွင်ချုပ်လုပ်ပေးထားပါတယ်။'' လို့ ဇွန်သံစဉ်က ပြောပြခဲ့ပါတယ်။

play

 

National Costume က ရွှေသားအစစ်တွေနဲ့ ပြုလုပ်ထားတာဖြစ်တဲ့အတွက် တာဝန်ကြီးတယ်ဆိုတဲ့ စိတ်မထားပဲ ပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်ဆိုတဲ့ စိတ်ပဲထားတဲ့တယ်လို့ ဆိုပါတယ်။

 

'' ဒီထဲမှာ ဆံထုံးကိုလည်း ရွှေသားအစစ်လုပ်ထားပါတယ်။ ဒရာယာတို့ ခါးပတ်တို့ကိုလည်း ရွှေသားအစစ်တွေနဲ့လုပ်ထားပါတယ်။ အဓိက ကတော့ ညီမဘက်က ရွှေသားအစစ်တွေနဲ့လုပ်ထားတဲ့အတွက် တစ်ခုခုဖြစ်မယ်ဆိုတဲ့ စိတ်မထားပဲ ပြိုင်ပွဲမှာ အလှဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် အမှားအယွင်းမရှိပဲနဲ့ ပြသသွားနိုင်အောင် သေချာ ကြိုးစားပြီးတော့ ပြင်ဆင်ထားတယ်။ ဆိုင်းဝိုင်းက တော့ ကိုယ့်ဘာသာကိုယ်ပဲ အဖြုတ်အတပ်တွေလုပ်ရမှာဆိုတော့ ဒီဇိုင်နာအစ်မ အိမ်မှာ ဆိုင်းဝိုင်းကို အစအဆုံးဖြုတ်တယ်၊ အစအဆုံး တစ်စစီပြန်တပ်ပြီးတော့ သရုပ်ပြတာတွေကျင့်တယ်။ စင်ပေါ်မှာလမ်းလျှောက်ပြီး ဖြန့်လိုက်တဲ့အခါမှာ ဘယ်လိုတွေ ဖြစ်မလဲဆိုတာကို ညီမ သေချာလေ့ကျင့်ထားတယ်'' လို့ သူကဆိုပါတယ်။

play

 

Miss Universe 2017 ပြိုင်ပွဲကြီးကို အမေရိကန်နိုင်ငံ Las Vegas မြို့မှာကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ နိုင်ငံတကာကနေ ရောက်ရှိလာကြတဲ့ အလှမယ်တွေအနေနဲ့ ၁၃ ရက်နေ့မှာစပြီး Camp ဝင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးရက်ကတော့ နိုဝင်ဘာ လ ၂၆ ရက်နေ့ ဖြစ်ပြီး ၂၇ ရက်နေ့မှာ နိုင်ငံအသီးသီးကို ပြန်လည်ထွက်ခွာရမှာဖြစ်တယ်လို့ ဇွန်သံစဉ်က  ပြောပါတယ်။

Photo: Duwun, Miss Universe Myanmar Page

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD