AD
AD
AD

အဆိုတော် ဝိုင်းလေးဟာ လမ်းခွဲရင်ကောင်းမယ်ဆိုတဲ့ Audio CD အတွက် MTV ရိုက်ကူးနေတဲ့ အကြောင်းကို Duwun Media ကိုပြောပြခဲ့ပါတယ်။

play


ဇွန်လတုန်းက ထွက်ရှိခဲ့တဲ့ လမ်းခွဲရင်ကောင်းမယ်ဆိုတဲ့ Audio CD လေးအတွက် သြဂုတ်လထဲမှာ FG Entertainment နဲ့အတူ Music Video တွေ စရိုက်တော့မယ်။မကြာခင်မှာပဲ ထွက်ရှိလာမှာပါ။'လို့ သူက ဆိုပါတယ်။

play


ဝိုင်းလေးဟာ ဇူလိုင်လ ၂၇ ရက်နေ့က တာဝန်အရ ဆိုတဲ့ Music Video လေးကို အွန်လိုင်းပေါ်ကနေတဆင့် ပရိသတ်ဆီကို အရောက် ပို့ပေးခဲ့တာဖြစ်ပြီး ယင်းသီချင်းရဲ့အဓိပ္ပာယ်ကိုလည်း ရှင်းပြခဲ့ပါသေးတယ်။''တာဝန်အရဆိုတဲ့ သီချင်းလေးရဲ့ အဓိပ္ပာယ်ကလည်း ချစ်သူရည်းစားတွေ တခဏတာကွဲသွားကြတဲ့အခါမှာ ကောင်လေးက ကောင်မလေးကိုဖြစ်ဖြစ်၊ ကောင်မလေးက ကောင်လေးကို ဖြစ်ဖြစ် သတိတရနဲ့တာဝန်အရ လွမ်းပေးပါဆိုတဲ့ အကြောင်းအရာကို ချစ်စရာကောင်းအောင် ကိုဝေကြီးက ရေး ပေးထားပါတယ်"

play


ဝိုင်းလေးကတော့ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။ Selfie အမည်ရှိတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး သီချင်းအများစု က လည်း ပရိသတ်အကြိုက်နဲ့ထပ်တူကျခဲ့တာပဲ ဖြစ်ပါတယ်။

Postby

 

Photo:ဝိုင်းလေးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD