ထိုင်းမလေးတွေနဲ့ ရိုက်ရတာ ပျော်နေပုံပဲ။

Photo: Tyron Facebook



 

အခုလတ်တလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ထိုင်းမော်ဒယ်လ်မလေးတွေနဲ့ သရုပ်ဆောင် တိုင်ရွန်တို့ရဲ့ အကြမ်းစားပုံတွေက ပျံ့နှံ့နေပါ တယ်။ ဒါကတော့ ချင်းမိုင်မှာ ရိုက်ကူးနေတဲ့ MTV ထဲက ဇာတ်ဝင်ခန်းတွေပါ ဆိုပြီးတော့ တိုင်ရွန်ကိုယ်တိုင်က ကြွေရုပ်ရှင် ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း Duwun  Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

''ဒီဟာက MTV လေးပေါ့နော် အဲ့ဒီက အစ်မက New York မှာနေတယ် ထိုင်း-မြန်မာစပ်တယ်ပေါ့နော်။ အဲ့ဒီတော့ သူက မြန်မာဈေးကွက်ကို ဖောက်ချင်တယ် တစ်ခွေလုံးကိုလည်း သူက အကုန်ကျခံထားတာဆိုတော့ ထိုင်းက မော်ဒယ်လ် ၄ ယောက်နဲ့ ကျွန်တော်နဲ့ ချင်းမိုင်မှာ ရိုက်ဖြစ်သွားတာပေါ့'' လို့ သူကဆိုပါတယ်။

 

ဒီ MTV ထဲက ဇာတ်ဝင်ခန်းတွေက အရမ်းကို Sexy ဆန်တာကြောင့် ဖျက်ချရမယ့် အခန်းတွေလည်း ပါတယ်လို့ဆိုပါတယ်။ ဇာတ်ဝင်ခန်းတွေ မှာလည်း တိုင်ရွန်က အကြမ်းစားတွေရိုက်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆင်ဆာအခြေအနေပေါ်မူတည်ပြီးတော့ ကြိုးစားထားတယ်လို့ ပြောပါတယ်။

'' နည်းနည်းတော့ ဟော့တယ်ပေါ့နော်။ ရိုက်ထားတဲ့ အခန်းတွေကလည်း နည်းနည်းကြမ်းတယ်။ အဲ့ဒီမှာ ဖျက်ချမယ့် အခန်းတွေပါ မယ်ဆိုရင်တော့ သိပ်မကြမ်းဘူးပေါ့နော်။ ဖျက်ချမယ့်အခန်းတွေရယ်၊ ဖျက်ချက်လို့မရတဲ့ အခန်းတွေရယ် နှစ်ခုစလုံးကို အဆင်ပြေအောင် ရိုက်ကူးပေးထားတယ်။ ဆင်ဆာအပေါ် မူတည်ပြီးတော့ပေါ့'' လို့ တိုင်ရွန်က ပြောပါတယ်။

ပရိသတ်တွေ စိတ်ပျက်အောင်မလုပ်ပါဘူးဆိုတဲ့ တိုင်ရွန်  

ဒီ MTV ရိုက်ကူးတဲ့ အချိန်မှာရော၊ ဇာတ်ဝင်ခန်းထဲမှာ ပါမယ့် အခန်းတွေမှာ အကုန်အကြမ်းတွေ ရိုက်ထားတယ်လို့ တိုင်ရွန်က ပြောပါတယ်။ သူကိုယ်တိုင်ကလည်း အနုပညာကြေးမရရင်နေပါစေ ထိုင်းမလေး ၄ ယောက်နဲ့ ချင်းမိုင်မှာ ရိုက်မယ်ဆိုလို့ ချက်ချင်းလက်ခံလိုက်တယ်လို့ သူကဆိုပါတယ်။

'' ကျွန်တော့် စိတ်ထင်တော့ ဖျက်မယ်ထင်တယ်။ ကျွန်တော် ကြမ်းထားတယ် ကျွန်တော်က ဇာတ်ဝင်ခန်းထဲမှာလည်း ကြမ်းတယ်၊ ရိုက်နေတဲ့ အချိန်မှာလည်း ကြမ်းတယ်။ ထိုင်းက ကောင်မလေး ၄ ယောက်နဲ့ ရိုက်မယ်ဆိုကတည်းက ကျွန်တော်ကတော့ 'အင်း' ပဲ ရိုက်မယ်။ အနုပညာကြေးမရလည်းရိုက်မယ်'' ဆိုပြီးတော့ လက်ခံဖြစ်လိုက်တယ်လို့ ဆိုပါတယ်။

 

 တိုင်ရွန့်ကို ပရိသတ်တွေက မော်ဒယ်တစ်ယောက် အနေနဲ့ စတင်သိခဲ့ တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အနုပညာအလုပ်တွေ ပိုလုပ်လာရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပြီလို့ သိရပါတယ်။သူ့ရဲ့ ပရိသတ်တွေထဲမှာတော့ မိန်းကလေး ပရိသတ်က အများဆုံးပါပဲ၊ ယောကျ်ားလေး ပရိသတ်တွေလည်းရှိတယ်လို့ပြောပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က