AD
AD
AD

Myanmar idol Season 3 သီချင်းဆိုပြိုင်ပွဲကို မကြာခင်မှာ စတင်ကျင်းပတော့မှာဖြစ်ပြီး Season 3 အတွက် ရွေးချယ်ထားတဲ့ အကဲဖြတ် ဒိုင်လူကြီး ၄ ယောက်ကိုလည်း ဇန်နဝါရီလ၁၁ ရက်နေ့မှာ မီဒီယာများနဲ့ အတူ မိတ်ဆက်ပေးခဲ့ပါတယ်။ အကဲဖြတ် ဒိုင်လူကြီး ၄ ယောက်ရဲ့ ရင်ခုန်သံတွေကိုလည်း Duwun Media ကနေအခုလိုပြောပြခဲ့ပါတယ်။

play

 

မြန်မာပြည်သိန်းတန်

___________________

Myanmar idol Season 3 မှာ ဒိုင်အဖြစ် အန်ကယ်လ် ပါဝင်ခွင့်ရတာ အင်မတန်ကို ဝမ်းသာပါတယ်။ ဒါဟာ အန်ကယ်လ့်ရဲ့ ဝါသနာနဲ့ အန်ကယ်လ့် ရဲ့ ပညာပိုင်းနဲ့ အန်ကယ်လ် စိတ်အဝင်စားဆုံးနဲ့ လုပ်ရတာ အပျော်ရွှင်ဆုံးပေါ့၊ အန်ကယ်လ့်ရဲ့ စေတနာနဲ့ လုပ်ကိုင်ရတာ အဝမ်းသာဆုံး အလုပ်လေးပါ။

play

 

တင်ဇာမော်

__________

ရင်ခုန်တယ်၊ စိတ်လည်းလှုပ်ရှားနေပါတယ်၊ ပြိုင်ပွဲဝင်ရမယ့် ပြိုင်ပွဲဝင်တစ်ဦးမဟုတ်ပေမယ့် အကဲဖြတ်ပေးရမယ့် ဒိုင်တစ်ဦးအနေနဲ့ အရည်အချင်းရှိတဲ့ ကလေးတွေ ဘယ်လောက်အထိလာပြီးတော့ ပြိုင်ကြမလဲ၊ ဘယ်လောက်အထိ အစ်မတို့က ရွေးထုတ်ပေးနိုင်မလဲ ဆိုတဲ့အပေါ် စိတ်လှုပ်ရှားတယ်။

play

 

ရန်အောင်

_________

ကျွန်တော် ဒိုင်လုပ်ရမယ်ဆိုတော့ ရင်ခုန်ပါတယ်၊ တစ်တိုင်းပြည်လုံးက ကြည့်ကြမယ်၊ တစ်ကမ္ဘာလုံးက ကြည့်ကြမယ်။ ကျွန်တော်တို့ဘက်က သေသေချာချာ အားထုတ် အချိန်ပေးပြီး တော့ စိတ်ဝင်စားပြီးလုပ်မှဖြစ်မယ်လို့ တွေးမိတဲ့အတွက် ရင်တွေလည်း အများကြီးခုန်ပါတယ်။

play

 

မျိုးကျော့မြိုင်

_____________

ကျွန်တော်ကတော့ Myanmar idol မှာရှိတဲ့ Season 1, 2 ကို တချို့ဟာလေးတွေပဲ ကြည့်ဖြစ်တယ်၊ တချို့ဟာတွေ သိပ်မလုပ်ဖြစ်ဘူး။ အမေရိ ကန် အိုင်ဒေါတို့ကိုတော့ ကြည့်ဖြစ်ပါတယ်။ သူတို့ တွေ ဒိုင်လုပ်တဲ့ ပုံစံက ကျွန်တော်တို့ အရွယ်ကလည်း အဲ့ဒီလိုမျိုးလုပ်ရမယ့် အရွယ်ရောက်လာပြီလေ။

play

 

Myanmar idol Season 3 ကျင်းပပြုလုပ်တော့မယ်ဆိုတဲ့ စာနယ်ဇင်းရှင်းလင်းပွဲကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းက Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ပြိုင်ပွဲဝင် ရွေးချယ်မှုကိုတော့ နယ်မြို့များစွာကို အကဲဖြတ်ဒိုင်များမှ ကိုယ်တိုင်သွားရောက် ရွေးချယ်မှာဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့က စပြီး စတင်ရွေးချယ်သွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD