အောင်ရဲလင်း၊ မိုးဟေကို၊ အေးမြတ်သူတို့အပြင် နာမည်ကြီးတွေ ပါဝင်မှာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကျော်သရုပ်ဆောင်များ၊ ပြည်တွင်းပြည်ပမှာရှိတဲ့ မော်ဒယ်များ ပါဝင်သွားမယ့် Myanmar Int'l Fashion Week 2018 ပွဲကြီးကို ဒီဇင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်သွားမှာပါ။ ဒီပွဲကြီးကိုလည်း သိန်းပေါင်းထောင်နဲ့ချီ အကုန်ကျခံ ကျင်းပသွားမယ်လို့ Star Event Production က ကိုဂျွန်လွင်ကပြောပါတယ်။

Photo: Myanmar Int'l Fashion Week 2017

 

ကြီးကျယ်ခမ်းနားမှုတွေနဲ့ ကျင်းပပြုလုပ်သွားမယ့် Myanmar Int'l Fashion Week 2018 ပွဲကြီးမှာ ပြည်တွင်းပြည်ပ အနုပညာရှင်များ၊ ဒီဇိုင် နာများက တက်ရောက်လာကြမယ်လို့ သိရပါတယ်။ ဒီပွဲကြီးဟာ နှစ်တိုင်းကျင်းပနေကြ Myanmar Int'l Fashion Week ပွဲကြီးဖြစ်တာ ကြောင့် ဒီနှစ်မှာလည်း ပိုပြီးတော့ ထူးခြားမှုတွေပါဝင်မယ်လို့ Star Event Production က ကိုဂျွန်လွင်က ပြောပြခဲ့ပါတယ်။

'' ဒီပွဲကြီးရဲ့ ကုန်ကျစာရိတ်ကလည်း သိန်းကို ထောင်နဲ့ချီရှိပါတယ်။ ဒီဇိုင်နာတွေဆီက ကောက်ထားတယ်ဆိုတဲ့ ပိုက်ဆံကလည်း အဖြစ် သဘော လောက်ပါပဲ။ ဒီပွဲကဆိုရင် တစ်နှစ်မှာ တစ်ခါပဲလုပ်တယ်။ ကမ္ဘာမှာဆိုရင်တော့ Fashion Week ဆိုတာ တစ်နှစ်မှာ ၂ ကြိမ်လုပ်တာ ပေါ့နော်။ ဒီနှစ်မှာတော့ ဒီဇိုင်နာ ၁၃ ယောက်က ပါဝင်ပေးထားပါတယ်''

Photo:Myanmar Int'l Fashion Week 2017

 

Myanmar Int'l Fashion Week 2018 ပွဲကြီးကို စိတ်ဝင်စားတဲ့ ပရိသတ်များစွာရှိပါတယ်။ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ Fashion Week ပွဲကြီး ကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကိုလည်း ကိုဂျွန်လွင်က နိုဝင်ဘာလ ၁၉ ရက်နေ့က Myanmar Int'l Fashion Week 2018 သတင်းစာ ရှင်းလင်းပွဲမှာဖြေဆိုခဲ့ ပါတယ်။

'' ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ဖက်ရှင်လောကကို တိုးတက်စေချင်တယ်။ ဖက်ရှင်ရဲ့ ရေစီးကြောင်းကို တိုးတက်စေချင်တဲ့ ရည်ရွယ် ချက် တွေနဲ့ လုပ်ပေးတာဖြစ်ပါတယ်။ ဒီလို လုပ်ဖို့ကလည်း စပွန်ဆာတွေရဲ့ ပံ့ပိုးပေးမှုကြောင့် ကျင်းပလို့ရတာပါ။ ကျွန်တော်တို့ မင်းသမီးတစ် ယောက်လျှောက်မယ်ဆိုရင် သိန်း ၅၀ ၊ ၈၀ လောက်ပေးရတယ်။ ပိုက်ဆံ သိန်း ၆၀ လောက်ရှုံးခဲ့တာတွေလည်းရှိတယ်'' လို့ ဆိုပါတယ်။

ရွက်ပုန်းသီး အလှမောင်မယ်တွေကို ဖော်ထုတ်သွားမယ့် ဂျွန်လွင် 

 

ဒီ Fashion Week 2018 ပွဲကြီးမှာတော့ နှစ်စဉ် နှစ်တိုင်း ပြည်တွင်း၊ ပြည်ပ မော်ဒယ်များလည်း တက်ရောက်လာကြတဲ့ ပွဲတစ်ခုဖြစ်ပါ တယ်။Star Event Production က ကိုဂျွန်လွင်က  ဒီ နှစ်မှာလည်း နာမည်ကျော် အနုပညာရှင်ပေါင်းများစွာ တို့က ဆက်လက် ပါဝင်လာကြ ဦးမယ် လို့ပြောပြခဲ့ပါသေးတယ်။

'' မော်ဒယ်ပေါင်း ၁၂၀ ကျော်ပါတယ်။ နာမည်ကြီး မင်းသား၊ မင်းသမီးပေါင်း ၁၇ ယောက်ကျော်ပါဝင်မှာပါ။ Free Show ဆိုပေမယ့် လက်မှတ် မရှိရင်တော့ မတ်တပ်ရပ် ကြည့်နေရမှာပါ။ လက်မှတ်ပါရင်တော့ အစားအသောက်တွေလည်း စားလို့ရ မယ်။ အေးအေးဆေးဆေး ထိုင်ကြည့် လို့လည်းရပါတယ်။ လက်မှတ်လိုချင်တယ်ဆိုရင်တော့ Stars Model Agency ရုံးခန်း ဖြစ်ဖြစ်၊ ဒီဇိုင်နာ တွေဆီမှာဖြစ်ဖြစ် ကြိုယူထားစေ ချင် ပါတယ်'' လို့ဆိုပါတယ်။

Photo:Myanmar Int'l Fashion Week 2017

 

Myanmar Int'l Fashion Week 2018 ပွဲကြီးကိုStar Event Production က ကိုဂျွန်လွင်က ဦးဆောင်ပြီး ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက် နေ့ အထိ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်သွားမှာပါ။ ဒီပွဲမှာ အောင်ရဲလင်း၊ အောင်မင်းခန့်၊ တိုင်ရွန်၊ မိုးဟေကို၊ သန္တာဗိုလ်၊ အောန်ဆိုင်း၊ နန်းခေးမား၊ သျှားထွဋ်အိန္ဒြာ စတဲ့ နောက်ထပ် နာမည်ကျော်မော်ဒယ်လ် သရုပ်ဆောင်များလည်း ပါဝင်သွားမှာပါ။

Share

Loading Next Article...
က္က