သီချင်းကောင်းတွေ ဖန်တီးချင်တာ အဆိုတော်တိုုင်းရဲ့ ဆန္ဒပါ။

ရဲရင့်အောင်ဟာ သူ့ရဲ့ ရင်ထဲ က လာတဲ့ သီချင်းပုံစံလေးတွေကို ပရိသိတ်တွေဆီ ချပြချင်သေးတယ်တဲ့။ ဒီသီချင်းတွေပရိသတ် ကို မချပြနိုင်သ၍ တစ်ကိုယ်တော်ဖျော်ဖြေပွဲမလုပ်ဘူးလို့လည်း ပြောပါတယ်။

 အဆိုတော် ရဲရင့်အောင်တစ်ယောက် ပရိသတ်တွေအတွက် သီချင်းအခွေအသစ်ထွက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒီအခွေအသစ် ကို အရမ်းကောင်းစေချင်တဲ့ ဆန္ဒကြောင့် စိတ်ဖိစီးမှုတွေ ခံစားနေရတယ်ဆိုပြီးတော့Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အခွေနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ဖိစီးနေတယ်ဆိုတာက ကျွန်တော်က အရမ်းကောင်းချင်တာဗျ။ ဒါပေမယ့် ကျွန်တော့် ခန္ဓာကိုယ်က အဲ့ဒီလောက်ကောင်းအောင် မလုပ်နိုင်ဘူး အဲ့ဒါကြောင့်လည်း စိတ်ဖိစီးရတယ်။ အဲ့ဒါကြောင့်လည်း ကြာနေတာ အခွေက သူငယ်ချင်းတွေ ကလည်းပြောပါတယ် အဲ့ဒီလောက် စိတ်ဖိစီးစရာမလိုဘူးပြောတယ်၊ ဒါပေမယ့် သူ့ဘာသာသူ ဖြစ်နေတာ'' လို့ ဆိုပါတယ်။

ရဲရင့်အောင်ကို ဝင်းဦးပေါက်စလေးလို့ အန်တီဆွေဇင်ထိုက်က ညွှန်းဆို 

တစ်ကိုယ်တော်အခွေထွက်နိုင်ဖို့ စိတ်ဖိစီးနေရတဲ့ ရဲရင့်အောင်ဟာ သီချင်းအခွေတစ်ခွေမဟုတ်တောင်မှ သီချင်းတစ်ပုဒ်ကနေ ပြန်ကြားခွင့် ရမယ့် Feedback တွေကိုလည်း မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။

'' အခွေတစ်ခွေဆိုတာထက် သီချင်းတစ်ပုဒ်ပေါ့နော် ကျွန်တော်ကြားချင်တာကို မကြားရသ၍ ကျွန်တော်လုပ်နေဦးမယ်။ ကျွန်တော်ဟာ အရမ်းကို ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်တော့ မဟုတ်ပေမယ့် ကိုယ်ကြားချင်တာလေးတွေတော့ ရှိတယ်၊ အဲ့ဒါကတော့ ကျွန်တော့်ရဲ့ လောဘပါပဲ'' လို့ ဆိုပါတယ်။

 

သီချင်းအသစ်တွေကို ဖန်တီးနေတဲ့ ရဲရင့်အောင်ဟာ သူ့ရင်ထဲကထွက်လာတဲ့ သီချင်းပုံစံလေးတွေကို ပရိသတ်အတွက် ချပြနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီသီချင်းတွေ မဖန်တီးရသ၍ တစ်ကိုယ်တော်ဖျော်ဖြေပွဲမလုပ်ဘူးလို့ ဆိုပါတယ်။

'' ပရိသတ်ကို ကျွန်တော်ဆိုပြချင်တာတွေ အများကြီးရှိသေးတယ်။ တချို့သီချင်းတွေကို ကျွန်တော်ဖန်တီးလိုက်တယ် ဒါတွေက One Man Show လုပ်တဲ့အခါ ကျွန်တော်ဆိုပြချင်တာလေးတွေပေါ့နော်။ ကျွန်တော်ရင်ထဲကနေ ချပြချင်တဲ့ သီချင်းပုံစံလေးတွေလည်း ရှိသေးတယ်။ ဒါတွေကို မဖန်တီးရသေး သ၍ One Man Show မလုပ်ဘူး'' လို့ ရဲရင့်အောင်က ပြောပါတယ်။

 

ရဲရင့်အောင်ဟာ မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ ငါ့ကိုနမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ဇာတ်ကားကြီးမှာ သြရထူး ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဂီတအလုပ်နဲ့ ပတ်သက်ပြီးတော့လည်း တစ်ကိုယ်တော်အခွေ အသစ်အမြန်ဆုံးထွက်နိုင်ဖို့ ကြိုးစား နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က