AD
AD
AD

Project - K အဖွဲ့ဝင် ဝီလျှံထွန်းကတော့ အနုပညာနဲ့ပတ်သက်လာရင် အဆိုရော၊ အကရော၊ သရုပ်ဆောင်အလုပ်ကိုပါ ဝါသနာပါသူတစ်ဦး

ဖြစ်တာကြောင့် ဝါသနာပါတဲ့အရာတွေထဲက အဆိုနဲ့အကကို အဓိကထားဆောင်ရွက်ဖြစ်တဲ့ အကြောင်းကို Duwun Media ကနေပြောပြ

ခဲ့ပါတယ်။

play

 

'' ကျွန်တော်က ဆရာဦးကြည်စိုးထွန်းတည်ထောင်ထားတဲ့ Laural Art ကျောင်းကနေပြီးတော့ Action မေဂျာနဲ့ကျောင်းပြီးထားပြီး ဒီပလိုမာ ယူထားတာပါ။ ကျောင်းတက်နေတုန်းကတော့ ဇာတ်ကားတွေအများကြီးရိုက်ရတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အာရုံမစိုက်နိုင်မှာစိုး တဲ့အတွက် က တာနဲ့ ဆိုတာကိုပဲ လုပ်ဖြစ်တယ်'' လို့ဆိုပါတယ်။

play

 

အဆိုရော၊  အကရော၊ သရုပ်ဆောင်ရော ဖြန့်လုပ်လိုက်ရင် ပရိသတ်ကိုဖျော်ဖြေဖို့ အားနည်းသွားမှာစိုးတဲ့ ဝီလျှံထွန်းရဲ့ အနုပညာဝါသနာကို လည်း အခုလိုပြောပြခဲ့ပါတယ်။

'' ကျွန်တော်ငယ်ငယ်ကတည်းက ဖြစ်ချင်တဲ့ အိမ်မက်က အဆိုတော်၊ ရုပ်ရှင်မင်းသားပေါ့ အဲ့ဒီလိုမျိုးစိတ်ကူးယဉ်ခဲ့တယ်။ ၇ တန်းလောက် ကတည်းက အရမ်းရူးသွပ်တယ်။ ၂ ခုစလုံးကိုလည်းကြိုက်တယ် အဓိက ကတော့ ဆိုရင်းနဲ့ က ရတာကို ကြိုက်တယ်။ သရုပ်ဆောင်ရတာ ရယ်ပေါ့ ဒါကတော့ ကျွန်တော့်ရင်ထဲက အရမ်းအဖြစ်ချင်ဆုံးပေါ့'' လို့ ဆိုပါတယ်။

play

 

ဆိုရင်းနဲ့ ကရတဲ့ ဝါသနာနဲ့ သရုပ်ဆောင်အလုပ်ကို ဝါသနာပါတဲ့ ဝီလျှံထွန်းအနေနဲ့ အနုပညာအလုပ်ကိုလက်တွေ့ဆောင်ရွက်လာရတဲ့အခါမှာ အဆိုနဲ့အက ဘက်ကို ဦးစားပေးဆောင်ရွက်လာတဲ့အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

 

'' တကယ့် အနုပညာအလုပ်ကို လုပ်တဲ့အချိန်မှာ တွေ့လာရတဲ့ အတွေ့အကြုံအရ တစ်ခုခုကို အာရုံစိုက်ဖို့လိုတယ်ဆိုပြီးတော့ ကျွန်တော်က ဦးစားပေးကိုပဲ ရွေးချယ်လိုက်တာ။ နှစ်ခုစလုံးကတော့ ကျွန်တော်အရမ်းကြိုက်တဲ့ အရာပါပဲ။ သရုပ်ဆောင်ဘက်ကိုလည်း အခွင့်အရေးရခဲ့ရင် လုပ်မှာပါ။ ကြိုးစားဖို့ အခွင့်အရေးရှိခဲ့မယ်ဆိုရင် ကျွန်တော်တက်နိုင်သမျှ အပင်ပန်းခံပြီးတော့ သရုပ်ဆောင်ဘက်ကိုရော။ အဖွဲ့ အပေါ်မှာရော သေချာအာရုံစိုက်ပြီး ကြိုးစားသွားပါမယ်'' လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

ဝီလျှံထွန်းကတော့ မြန်မာနိုင်ငံအတွင်း အောင်မြင်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Project - K အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။သရုပ်ဆောင်နဲ့ ပတ်သက်လာရင်လည်း သူ့အနေနဲ့ မြန်မာ့အသံကလွှင့်တဲ့ ရေဒီယိုကက်ဆက်ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပဲဖြစ်ပါတယ်။

Photo: ဝီလျှံထွန်း ဖေ့စ်ဘုတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD