AD
AD
AD

မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ အကနဲ့ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Project-K အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဘုန်းနေလင်းကတော့ သူတို့ရဲ့ ပရိသတ်တွေနဲ့ သူတို့ကြားမှာ ဟန်ဆောင်မှုဆိုတာမရှိပဲ Project-K ကမ္ဘာလေးလို မောင်နှမတွေလိုပဲ ဆက်ဆံတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို GUM လို့ ခေါ်တယ်။ ကျွန်တော်တို့ ပရိသတ်တွေကိုလည်း တကယ်ရင်ထဲမှာရှိတဲ့အနုပညာကို ချပြပေးတယ်၊ ရင်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပဲ ဟန်မဆောင်တတ်ဘူး အဲ့ဒီလိုပဲ ဆက်ဆံတယ်။ ပရိသတ်တွေ နဲ့လည်း Project-K ဆိုတဲ့ ကမ္ဘာလေး ဖြစ်အောင် မောင်နှမတွေလိုမျိုး တစ်ခါတစ်လေပျော်ပျော်ရွှင်ရွှင်နေတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ကျွန်တော်တို့ တစ်ဖွဲ့လုံးကို အားပေးချစ်ခင်ကြတယ်လို့ ထင်ပါတယ်'' လို့ သူက ဆိုပါတယ်။

play

 

အချိန်အကြာကြီးလက်တွဲလာနိုင်ခဲ့တဲ့ Project - K အဖွဲ့ ဘာကြောင့်ခိုင်မာနေတာလဲဆိုတာ ဘုန်းနေလင်းကပြောပြခဲ့ပါတယ်။

 

'' ကျွန်တော်တို့ Project-k အဖွဲ့ ၇ ယောက်စလုံးက လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်ကတည်းက အကလောကထဲမှာ သူငယ်ချင်းတွေ အဲ့ဒီတုန်းကတော့ အဖွဲ့မတူဘူး။ ဒါပေမယ့် အရင်ကတည်းက သိနေတယ်၊ မြင်နေတယ်၊ တစ်ယောက်နဲ့တစ်ယောက်လေ့လာတယ်။ ခင်နေတယ် ဒါပေမယ့် ကိုရီးယားမှာ အကသွားပြိုင်မယ်ဆိုတော့ ကိုယ်ယုံကြည်စိတ်ချရတဲ့လူ၊ ပါတနာဖြစ်မယ့်လူကိုပဲ ရွေးပြီးတော့ သွားပြိုင်ခဲ့တယ်။ ပြန်လာတော့ လည်း အောင်မြင်မှုရခဲ့တယ်၊ အားပေးမှုတွေကြုံခဲ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ပိုပြီးတော့ နားလည်လာတယ်၊ ပိုပြီးတော့ လည်း နားလည်မှုတွေရှိလာလို့လည်း ခိုင်မာတဲ့ပရိသတ်တွေနဲ့ ရပ်တည်နေတာပါ'' လို့ Duwun Media  ကို ဖြေဆိုခဲ့ပါတယ်။

play

 

မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ ယောက်ျားလေးအကအဖွဲ့ တစ်ခုဖြစ်တဲ့ Project -K အဖွဲ့ကတော့ မိန်းကလေးပရိသတ်အားပေးမှုများတဲ့ အဖွဲ့ ဖြစ်ပါတယ်။

Photo: ဘုန်းနေလင်းဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD