AD
AD
AD

အဆိုတော် Rဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ကတော့ ဒုတိယမြောက် သားယောက်ျားလေး ကို ကိုယ်ဝန်ဆောင်ထားရပြီလို့ သိရပါတယ်။ သားလေး ဖစ်ဖစ်တုန် အပြင် နောက်ထပ်သားလေးတစ်ယောက် ထပ်မံပိုင်ဆိုင်တော့မယ့် အဆိုတော် R ဇာနည်ကတော့ သားဖြစ်သူက အမြဲတမ်းမျက်စိဒေါက်ထောက်ကြည့်နေတဲ့အတွက် အစစအရာရာဆင်ဆင်ခြင်ခြင်နေရတယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

play

 

'' ကိုယ်နေချင်သလို နေတာမျိုးတော့ မရတော့ဘူးပေါ့နော်။ ကိုယ့်ကိုအမြဲတမ်း မျက်စိဒေါက်ထောက်ပြီး ကြည့်နေတဲ့ကလေးတစ်ယောက်ဖြစ်တဲ့ အတွက် သူ့အရှေ့မှာ ဆေးလိပ်သောက်တာမျိုးတွေမလုပ်မိဖို့ သူ့အရှေ့မှာ စကားအပြောအဆို ဆဲရေးတိုင်းထွာတာမျိုးတွေ မလုပ်မိအောင် နေရတယ်။ ဘာပဲဖြစ်ဖြစ် အစစအရာရာဆင်ခြင်ပြီးတော့ နေနေရတာပေါ့နော်။ ဒါပေမယ့်လည်း ကိုယ့်ပုံစံကို အများကြီးပြောင်းလဲပြီးတော့ နေထိုင်သွားတာမျိုးတော့မဟုတ်ဘူးပေါ့ ကိုယ့်အထာနဲ့ ကိုယ်ပါပဲ'' လို့ သူကဆိုပါတယ်။

play

 

အဆိုတော် Rဇာနည် ရဲ့ ချစ်ဇနီး သရုပ်ဆောင်ဝမ်းကလည်း နောက်ထပ်ရင်သွေးလေးလွယ်ထားပြီဆိုပေမယ့် သားယောက်ျားလေးဖြစ်တာ ကြောင့် သမီးမိန်းကလေးလိုချင်တဲ့ Rဇာနည်အနေနဲ့ နောက်ထပ်ကလေးယူဖို့ဆိုတာ အသက်အရွယ်အရ မဖြစ်နိုင်သေးဘူးလို့ဆိုပါတယ်။

'' ကျွန်တော်တို့က နောက်ထပ်ကလေးတစ်ယောက် ယူဦးမယ်ဆိုရင် အသက်အရွယ်တွေက နည်းနည်းရလာပြီ ဖြစ်တဲ့အခါကျတော့ သိပ် မသေချာ ပါဘူး။ အခုတော့လည်း ဘာလေးပဲ ရရပါ။ သားသမီးတွေ စံထားရလောက်တဲ့ မိဘတော့ ဖြစ်သင့်ဖြစ်ထိုက်ပါတယ် အဲ့ဒီအတွက်လည်း ကျွန်တော်တို့ မှာ အများကြီးဆင်ခြင်ပြီးတော့ နေထိုင်ရပါတယ်'' လို့ R ဇာနည်က ပြောပါတယ်။

play

 

အဆိုတော် အာဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ ဇနီးမောင်နှံကတော့ နှစ်ယောက်စလုံးက အနုပညာရှင်တွေဖြစ်တဲ့အတွက် သူတို့ကို ချစ်ခင် အားပေးတဲ့ ပရိသတ်တွေကလည်း ယနေ့ထိတိုင် ခိုင်ခိုင်မာမာရှိနေပါသေးတယ်။ အိမ်ထောင်သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ သူတို့ဇနီးမောင်နှံမှာ အရမ်းချစ်စရာကောင်းပြီး သွက်သွက်လက်လက်ရှိတဲ့ အသက် ၈နှစ်အရွယ် သားလေး ဖစ်ဖစ်တုန် လည်းရှိပါတယ်။

photo: အာဇာနည်ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD