သားလေးနှစ်ယောက်ရှိပြီဆိုတော့ ။

သားလေးနှစ်ယောက် ပိုင်ဆိုင်ထားတဲ့ အဆိုတော် Rဇာနည်က  နောက်ထပ် ကလေးသာ ထပ်ရမယ်ဆိုရင် သမီးလေး တစ်ယောက် တော့ လိုချင်တယ်လို့ ဆိုပါတယ်။

 

သားလေးနှစ်ယောက် ပိုင်ဆိုင်ထားတဲ့ အဆိုတော် Rဇာနည်က  နောက်ထပ် ကလေးသာ ထပ်ရမယ်ဆိုရင် သမီးလေး တစ်ယောက်တော့ လိုချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သားသမီးဆိုတာ လိုချင်ရင် မရတတ်သလို မလိုချင်ပဲနဲ့လည်း ရချင်ရနေတာကြောင့် ကြိုပြောလို့တော့ မရဘူးလို့ ဆိုပါတယ်။

ထို့အပြင် အောက်တိုဘာ(၁၅) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့ မိသားစုဝင်သစ်အကြောင်းကိုလည်း ပြန်ဖြေရှင်းပေး ထားပါသေး တယ်။ မိသားစုဝင်သစ်ဆိုတာ နောက်ထပ်တစ်ယောက် ရတာမဟုတ်ပါဘူးတဲ့။

 

"၂၂ ရက်နေ့မှာ အကိုတို့မိသားစု ရိုက်ထားတဲ့ ပရိုကဲ ဆပ်ပြာလေး ကြော်ငြာစလွှင့်တယ်လေနော်မိသားစုတွေသုံးတဲ့ ဆပ်ပြာမို့လို့ မိသားစုဝင်အသစ်တိုးမယ်ဆိုတဲ့ ပုံမယ်မျိုးလေးနဲ့ ပရိသတ်စိတ်ဝင်စားအောင် လုပ်လိုက်တာပါ။ ပရိသတ်တွေ ဝမ်းသာနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြောလို့တော့မရဘူးလေနေနာ်။ သားသမီးဆိုတာ လိုချင်ရင် ရချင်ရင်ရတယ်မလိုချင်ပဲနဲ့လဲ ရချင်ရတာဆိုတော့လေ နော်။ ကလေးသာရမယ်ဆိုရင် သားလေးနှစ်ယောက်ရှိပြီဆိုတော့ ရမယ်ဆို သားလေးလိုချင်တာပေ့ါ။  ဆိုပြီး အောက်တိုဘာ(၂၃) ရက်နေ့က ပြုလုပ်တဲ့ ရွှေနန်းတော် ဆိုင်သစ်ဖွင့်ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

မိသားစုဝင်တစ်ယောက် မကြာခင် ရောက်ရှိတော့မယ်ဆိုတဲ့ R ဇာနည် 

သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ R ဇာနည်နဲ့ ဝမ်းတို့ရဲ့ မိသားစုလေးဟာ ပျော်ဖို့ကောင်းလှပါတယ်။ သားအကြီးလေး ဖစ်ဖစ်တုန် လေးဟာ ညီလေးကို အရမ်းဂရုစိုက် ချစ်တတ်တဲ့ကလေးလည်း ဖြစ်ပါတယ်။ ဖစ်ဖစ်တုန်းလေးနဲ့ ပတ်သက်ပြီးတော့လည်း Rဇာနည်က ယခုလို ပြောပြခဲ့ပါသေးတယ်။

"ဖစ်ဖစ်တုန်လေးက အဖော်လိုချင်ဆိုလို့ နောက်တစ်ယောက်ကို ထပ်ယူဖြစ်တာ ။ ယူတုန်းကတော့ မရပဲနဲ့ မထင်ထားတဲ့ အချိန်မှ အငယ် လေးက ထပ်ရတာပေ့ါအဲ့တော့ သူတို့နှစယောက်က အသက်ကွာတဲ့အခါကျျတော့ သူက အကိုကြီးဖြစ်ပြီး ကလေးကို ချစ်ပြီး ထိန်းတဲ့ သဘောဖြစ်သွားတာပေ့ါ " လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

 

အာဇာနည်နဲ့ ဝမ်းတို့ရဲ့ ဒုတိယမြောက်သားငယ်လေးဖြစ်တဲ့ ချစ်ချစ်တုန် ကတော့ အောက်တိုဘာလ ၁၀ ရက်နေ့က ၉ လပြည့်ခဲ့တာပါ။ အာဇာနည်ရဲ့ သားငယ်လေး ချစ်ချစ်တုန်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သားနှစ်ယောက် ပိုင်ဆိုင်ခွင့်ရထားတဲ့ အာဇာနည်နဲ့ ဝမ်းတို့ကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သားကြီး ဖစ်ဖစ်တုန် ကလည်း ညီငယ် လေး ချစ်ချစ်တုန်ကို အရမ်းချစ်တယ်လို့ သိရပါတယ်။

 

အဆိုတော် အာဇာနည်ဟာ ချစ်သူ ဝမ်းနဲ့ လက်တွဲခဲ့ပြီး အခုဆိုရင် အိမ်ထောင်သက် ၁၃ နှစ်တောင် ရှိနေပါပြီ။ အခုဆိုရင် သား ၂ ယောက် တောင် ထွန်းကားနေပြီဖြစ်ပြီး သားကြီး ဖစ်ဖစ်တုန် (ခ) ဉာဏ်ဘုန်းဇာနည်က အသက် ၈ နှစ်ရှိပြီဖြစ်ပြီး ဒုတိယတန်း တက်ရောက်နေပြီလို့ သိရပါတယ်။

 

Share

Loading Next Article...
က္က