သူက လူငယ်တစ်ယောက်လိုပဲ။
 

Myanmar Idol Season 1 ကနေ ဂီတလောကထဲကို ရောက်ရှိလာတဲ့ အဆိုတော် နင်ဇီမေရဲ့ အချစ်ရေးကပရိသတ်တွေရဲ့ အာရုံစိုက်ခြင်း ခံ နေရပါတယ်။ အဆိုတော်ရဲလေးတို့ တွဲနေတယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး အဲ့ဒီသတင်းတွေနဲ့ ပတ်သက်လို့ နင်ဇီမေက Duwun Media ကနေ ယခုလိုပြောပြခဲ့ပါတယ်။

'' ကိုရဲလေးနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေကလည်း ကောလာဟလတွေပါ။ ဘာမှမပြောချင်ပါဘူး။ လတ်တလောမှာတော့ Single ပါဘဲ။ ပရိသတ်တွေက လိုက်ဖက်တယ် ပြောကြတာကလည်း သူတို့လေးတွေ ဖြစ်စေချင်တဲ့ စိတ်ပေါ့နော် နင်ဇီကတော့ ဘယ်လိုမှ သဘော မထားပါဘူး။ ဒါဟာ သူတို့တွေရဲ့ လွတ်လပ်ခွင့်ပါ၊ စဉ်းစားလို့ရတယ် ခံစားလို့ရတယ်။ နင်ဇီကတော့ အေးဆေးပါပဲ'' ပါပဲ ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ အဆိုတော်ရဲလေးရဲ့ '' အသည်းကွဲတယ်ဆိုတာ" သီချင်းကို Cover Songအနေနဲ့ နင်ဇီမေက ပြန်ဆိုခဲ့ ပါသေးတယ်။

'' အဓိက ကတော့ ကိုရဲလေးကလည်း MTV ရိုက်ပြီး အွန်လိုင်းပေါ်မှာတင်ထားတယ်။ ပြီးတော့ သူဆိုလည်း ဆိုထားပြီးပြီ အဲ့ဒီအချိန်မှာCover Song လေးလုပ်ချင်တယ် နင်ဇီနဲ့ Femal Version လေးလုပ်ချင်တယ်ဆိုပြီးပြောတဲ့အချိန်မှာ ကိုယ်နဲ့လည်းအရမ်းအဆင်ပြေတယ်။ ကိုယ်လည်းကြိုက် လို့ ဆိုဖြစ်လိုက်တာပါ။ သီချင်းက အသဲကွဲ Mood ဆိုတော့ ကိုယ့်အသံနဲ့လည်း လိုက်တယ်၊ သီချင်းဆိုကာနီးမှာလည်း ဒီသီချင်းကို ထူးထူးခြားခြား နင်ဇီတစ်ခေါက်ပဲဆိုလိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ အရှေ့မှာ သေချာနားထောင်ထားတယ်ပေါ့နော်။ Recording မှာလည်း ဂစ်တာက အရင်တီးတာဖြစ်တဲ့အတွက် ကိုယ်ဘယ်လိုလေးလုပ်ပေးလိုက်မယ်ဆိုပြီးတော့ စဉ်းစားချိန်လည်းရသွားတယ်၊ Mood လည်း ရသွားတယ်'' လို့ ဆိုပါတယ်။

 

Myanmar Idol Season 1 ပြီးကတည်းက အဆိုတော်ရဲလေးရဲ့ တစ်ကိုယ်တော်သီချင်းအခွေမှာ ပါဝင်ခဲ့တဲ့ နင်ဇီမေကတော့ ရဲလေးနဲ့ အလုပ် လုပ်ရတာ အရမ်းပျော်တယ်တဲ့။ အနုပညာအလုပ်နဲ့ ပတ်သက်ပြီးတော့လည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။

'' ကိုရဲလေးနဲ့ အလုပ်တွဲလုပ်ရတာ အရမ်းပျော်ဖို့ကောင်းတယ်၊ ပေါ့လည်းပေါ့ပါးတယ်။ သူက လူငယ်လိုဘဲ နင်ဇီတို့ကိုလည်း အမြဲတမ်း လက်တွဲခေါ် တယ်ဆိုတော့ ပျော်ပါတယ်။ ကိုရဲလေးရဲ့ သီချင်းတိုင်းကလည်း ပေါက်တယ်၊ ကိုရဲလေးကိုလည်း ပရိသတ်တွေက အရမ်းချစ်ကြတယ်။ သူ့ကို သီချင်းရေးခိုင်းတာထက် ရေစက်ရှိလို့ အနုပညာအလုပ်အတွက်အဆင်ပြေသွားတယ်လို့ပဲ ပြောရမှာပေါ့'' လို့ နင်ဇီမေက ပြောပါတယ်။

 

နင်ဇီမေဟာ Myanmar Idol Season 1 ပြီးကတည်းက ဂီတအလုပ်တွေ ဆက်တိုက် လုပ်နေရတာဖြစ်ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲကြီး ပြီးသွားတဲ့ နောက်မှာလည်း ဖျော်ဖြေရေးတွေမှာ ပါဝင်သီဆိုနေရသလိုတာဖြစ်ပါတယ်။ နင်ဇီမေ နဲ့ ရဲလေးတို့ သီဆိုထားတဲ့ '' ဟိုအရင်ကလို'' သီချင်းကလည်း လူငယ်တွေကြားမှာ အကြိုက်တွေ့ခဲ့ပါတယ်။ အဆိုတော်ရဲလေးရဲ့ သီချင်းကို Cover Song အနေနဲ့ ''အသည်းကွဲတယ် ဆိုတာ'' သီချင်းကို နင်ဇီမေက ပြန်ဆိုတဲ့အချိန်မှာလည်း ပရိသတ်တွေအားပေးခဲ့ကြသလို သူ့ရဲ့ သီချင်းတွေဖြစ်တဲ့ '' ချစ်နေရရင်ပဲ''၊ '' ချစ်တာ အမှား'' သီချင်းတွေကလည်း မိန်းကလေး ပရိသတ်တွေ ပိုပြီးကြိုက်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က