AD
AD
AD

ကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားတွေရှိနေသေးတဲ့ သရုပ်ဆောင် အကယ်ဒမီမင်းဦးကတော့ ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရုပ်ရှင်ဇာတ်ကားဖန်တီးတဲ့အခါမှာ အစစအရာရာ တာဝန်ကြီးတဲ့အတွက် ဒါရိုက်တာတွေအကုန်လုံးကို Respect ထားပါတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒါရိုက်တာတစ်ယောက်ရဲ့ တာဝန်ကြီးမှုက တော်တော်ကိုကြီးတယ်။ အစ်ကိုတို့က မင်းသား၊ မင်းသမီးတွေမဟုတ်ဘူး နောက်မှာ ဖြတ်လျှောက် တဲ့ လူတွေရော၊ ကင်မရာမန်းတွေရော၊ ရှိသမျှလူတွေအားလုံးကို အစ်ကိုတို့တွေက တာဝန်ယူရတာ အဲ့ဒါကြောင့် ကိုယ့်ထက် တစ်ရက်ပဲ ဖြစ်ဖြစ် စောတဲ့ ဒါရိုက်တာလုပ်နေတဲ့ လူတွေ အားလုံးကို တကယ့်ကို Respect ပေးပါတယ်'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ဒါရိုက်တာအဖြစ် ဇာတ်ကားတစ်ကားလုံးကောင်းဖို့အတွက် ဆောင်ရွက်ခဲ့ရတဲ့ကွဲပြားမှုတွေကိုလည်း မင်းဦးက အခုလိုပြောပြခဲ့ပါတယ်။

'' သရုပ်ဆောင်ဆိုရင် ဘယ်နေရာမှာ ဘာအဝတ်အစားဆိုရင် အိုကေ ပေါ့။ အစ်ကိုတို့ကျတော့ အဲ့ဒီလိုမဟုတ်ဘူး ဇာတ်ကားထဲမှာပါဝင်တဲ့ လူတွေရဲ့ အဝတ်အစားက အစ အကုန်စဉ်းစားပေးရတာ။ အဲ့ဒီတော့ အရမ်းတာဝန်ကြီးသွားတယ်'' လို့ ဆိုပါတယ်။

play

 

မင်းဦးကတော့ အခုလက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ မီ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ချုဆီ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ် ပထမဆုံးပုံဖော်ရိုက်ကူးထားပြီး ၂၀၁၈ ခုနှစ်မှာ ရုံတင်နိုင်အောင် ကြိုးစားသွားမယ် လို့ဆို ပါတယ်။ နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးဖို့ ပြင်ဆင်ထားတာတွေရှိတယ်လို့ သိပါတယ်။

Photo: မင်းဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD