AD
AD
AD

အိန္ဒိယမင်းသမီးချောလေး Riya Ray နဲ့ အတူ မဟူရာ ရုပ်ရှင်ရုံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတဲ့ သရုပ်ဆောင်ကျော်ကျော်ဗိုကတော့ ပြည်ပအနုပညာရှင်တစ်ယောက်နဲ့ တွဲရိုက်ရတာ ပထမဆုံးအကြိမ်ပါပဲလို့ Duwun media ကနေပြောပြခဲ့ပါတယ်။

play

 

'' ပြည်ပအနုပညာရှင်နဲ့ တွဲရိုက်တာဆိုတာကတော့ ရိုက်တော့ရိုက်ခဲ့ရတာပဲ။ ပြည်ပအနုပညာရှင်မဟုတ်တောင် နိုင်ငံခြားသားတွေနဲ့ နိုင်ငံခြားသူတွေနဲ့ တွဲပြီးတော့ ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကားလေးတွေရှိတယ်။ ဒါကလည်း ပြည်ပအနုပညာရှင်ပေါ့နော် ဟိုဘက်က Telent တစ်ယောက်နဲ့ တွဲရိုက်ရတာကတော့ ပထမဆုံးပဲပေါ့'' လို့ ဆိုပါတယ်။

play

 

Riya Ray နဲ့ ပတ်သက်ပြီး စိတ်တိုင်းကျတဲ့ အချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ဇာတ်ညွှန်းပေါ်မှာမူတည်ပြီးတော့ သူတို့နားမလည်တဲ့ ဇာတ်ညွှန်းနဲ့ သူတို့လုပ်ရမယ့် အိုက်တင် ချိတ်ဆက်မှုတွေကအစကြိုပြီးတော့ ဆွေးနွေး ရတာပေါ့။ ဆွေးနွေးပြီးမှ ရိုက်ကွင်းပေါ်ရောက်တဲ့အခါ တစ်ခါတည်း အလုပ်လုပ်ကြတာပေါ့၊ အိန္ဒိယမင်းသမီးနဲ့ အလုပ်လုပ် ရတဲ့ အခါမှာလည်း သူတို့အလုပ်လုပ်ပုံလေးတွေက ကိုကြံ့တို့စိတ်နဲ့တော့ သဘောကျတယ်။ သေသေချာချာလေးတွေ လုပ်တတ်ကြတယ် ဇာတ်ညွှန်းကို ဖတ်ပြီးလို့ နားမလည်ရင်လည်းပြန်မေးတယ်'' လို့ သူကဆိုပါတယ်။

play

 

'' သူ့ဆီက လေ့လာမှုကတော့ မလိုပါဘူး အလုပ်တွဲလုပ်ကြတယ်၊ သူ့ရဲ့ အလုပ်ပေါ်မှာ အာရုံစူးစိုက်မှုလေးတွေကောင်းတယ်။ ပူးပေါင်းတဲ့ ပုံစံလေးတွေက နွေးထွေးမှုရှိပါတယ်'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင် ကျော်ကျော်ဗိုကတော့ မဟူရာရုပ်ရှင်ရုံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မဟူရာ ရုပ်ရှင်ရုံ ဇာတ်ကားကြီးကို ဒါရိုက်တာ ကိုပြည့်က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး မင်းသွေးနဲ့ အတူ နေတိုး၊ ကျော်ကျော်ဗို၊ Riya Ray ၊ နန်းစုဦးတို့က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo: ကျော်ကျော်ဗို ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD