ကံ့ကော်နီဇာတ်ကားရိုက်နေတာ အခက်အခဲဖြစ်ပါတယ်။

ချမ်းမင်းရဲထွဋ်တစ်ယောက် အချစ်ဇာတ်ကားလေးဖြစ်တဲ့ ''ကံ့ကော်နီ'' ရုပ်ရှင်ဇာတ်ကားရိုက်နေတဲ့အချိန်မှာ အခက်အခဲတွေ၊ အထူးအဆန်း တွေကြုံခဲ့ရတယ်လို့ ပြောလာပါတယ်။ ချစ်သူရည်းစားမရှိတဲ့အတွက် ဒီဇာတ်ကားရဲ့ ကာရိုက်တာအတွက်တော့ အခက်အခဲဖြစ်နေပါတယ်တဲ့။

 

မိန်းကလေး ပရိသတ်များစွာပိုင်ဆိုင်ထားတဲ့ ချမ်းမင်းရဲထွဋ်တစ်ယောက် ချစ်သူ ရည်းစားမရှိလို့ '' ကံ့ကော်နီ'' ဇာတ်ကားရိုက်နေတဲ့အချိန်မှာ အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ အချစ်ဇာတ်ကားလေးဖြစ်တာကြောင့်လည်း နေ့စဉ်နေ့တိုင်းက သူ့အတွက် အထူးအဆန်းတွေ ကြုံခဲ့ရတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' စောမိုးဇက် ဆိုတဲ့ ၁၀ တန်းကျောင်းသားလေးတစ်ယောက်၊ အဲ့ဒီပုံစံကနေ စတာပေါ့။ ရိုက်ကွင်းပေါ်က နေ့စဉ်နေ့တိုင်းက ကျွန်တော့် အတွက် အထူးအဆန်းတွေဖြစ်နေတယ်။ ကျွန်တော်က သိပ်မ Ro တတ်တဲ့ကောင် ပြီးတော့ ရည်းစားကလည်းမရှိတော့ အချစ် မုဖ် သွင်းရတဲ့ အချိန်မှာ အရမ်းခက်တယ်'' လို့ ဆိုပါတယ်။

 

ကံ့ကော်နီ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဝိုင်းက ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် အလင်းရောင်၊ ချမ်းမင်းရဲထွဋ် နဲ့ ဖွေးဖွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကားလေးက အချစ်ဇာတ်ကားလေးဖြစ်တာကြောင့် ချမ်းမင်းရဲထွဋ်ကို ပရိသတ်မြင်ချင်တဲ့ ဇာတ်ကောင်အဖြစ် ပထမဆုံးအကြိမ်မြင်တွေ့ရမှာပါလို့ ပြောပါတယ်။

'' ကံ့ကော်နီကတော့ ကျွန်တော်တို့ရိုက်နေတာ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြီးပြီ။ ကျွန်တော်ဆိုရင် ၃ ခန်း လောက်ပဲ ကျန်တော့တယ်။ ဇာတ်ကားထဲမှာ ကျွန်တော်က လူဆိုးမဟုတ်တော့ဘူး၊ လူကောင်းပေါ့။ ဒါပေမယ့် နည်းနည်းဂျစ်ကန်ကန် လူငယ်ကားလေး၊ အချစ်ဇာတ်ကား လေးပေါ့။ ပရိသတ်တွေ ကျွန်တော့်ကို မြင်ချင်တဲ့ ပုံစံလေးပေါ့''လို့ သူကဆိုပါတယ်။

ဒါရိုက်တာဝိုင်း နဲ့ ရုပ်ရှင်ကားကြီးရိုက်နေတဲ့ ချမ်းမင်းရဲထွဋ် 

 

ဒါရိုက်တာဝိုင်းနဲ့အတူ ဒုတိယအကြိမ် ရိုက်ကူးတဲ့ ကံ့ကော်နီ ရုပ်ရှင်ဇာတ်ကားမှာ ရရှိလာတဲ့ အတွေ့အကြုံတွေကိုလည်း ဆက်လက်ပြောပြလာ ပါတယ်။ ကိုဝိုင်းရဲ့ ကာရိုက်တာအသက်သွင်းမှုတွေကိုလည်း နိုဝင်ဘာ(၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ AX Fall Winter Collection မှာ မီဒီယာ တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

'' ကိုဝိုင်းနဲ့ကလည်း ဒီဇာတ်ကားမှာ ဒုတိယအကြိမ်ဆုံခြင်းမှာ ပိုပြီးတော့ အတွေ့အကြုံအသစ်တွေရတယ်။ ကိုဝိုင်းကလည်း ကျွန်တော့်ကို အော်တယ်၊ ဟောက်တယ်၊ လိုချင်တဲ့ပုံ မရမချင်း အဲ့ဒီအတွက်ကြောင့် အရမ်းလည်း ပင်ပန်းတယ်။ ပြီးတော့ သစ်ပင်လည်းတက်ရတယ် ဘဝမှာ သစ်ပင်မတက်ရတာ ၁၀ နှစ် ၁၅ နှစ်လောက်ရှိပြီ'' လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

 

သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ကို ည ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့ အချိန်ကစပြီး ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ ဖော်ဖော်ရွေရွေရှိလှတဲ့ ချမ်းမင်းကို သူ့ရဲ့ ပရိသတ်တွေက အရမ်းချစ်ကြပါတယ်။ ချမ်းမင်းရဲထွဋ်ရဲ့ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရသလို မဂ္ဂဇင်းမျက်နှာဖုံးတွေရဲ့ Cover Star တစ်ယောက်အဖြစ် ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က