AD
AD
AD
play

 

အခုလက်ရှိမှာ "Realize" သီချင်းလေးနဲ့အောင်မြင်ကျော်ကြားနေတဲ့ Rose Quartz အဖွဲ့ဟာ ကိုရီးယား၊ ထိုင်း၊ မြန်မာ စတဲ့ နိုင်ငံတွေကနေ ရွေးချယ်လိုက်တဲ့ အဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့အဖွဲ့လေးထဲက တစ်ယောက်ချင်းစီတိုင်းရဲ့ စိတ်နေသဘောထားကိုလည်း အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Cindy က Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

ပထမဆုံးအနေနဲ့ ဆံပင်တိုလေးနဲ့ ချစ်စရာကောင်းတဲ့ မြန်မာမလေး နေခြည်အကြောင်းကို ပြောပြထားပါတယ်။

'' နေခြည်ဆိုရင် အဖွဲ့ထဲမှာ သူတစ်ယောက်တည်း စားချင်တာစားလို့ရတယ်။ သူတစ်ခုခုစားချင်တယ်၊ စားချင်တယ် ပြောပြီးရင် သူများတွေ ကိုပါ လိုက်ပြီးအဖော်စပ်လေ့ရှိတယ်။ ညီမတို့ကတော့ စားတာနည်းနည်းတော့ ထိန်းရတယ်'' လို့ Cindy က ရယ်မောရင်း ပြောပြခဲ့ပါတယ်။

play

 

အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ထိုင်းမလေး Eing  ကတော့ Body Language နဲ့ပြောတာ အရမ်းတော်တယ်ဆိုပဲ။

'' Eing ကကျတော့... သူကကျတော့ ညီမတို့နဲ့ ယိုးဒယားလိုက သိပ်ပြီးတော့ စကားမပြောဖြစ်ဘူးလေ။ Body Language နဲ့ပြောတာ အရမ်း တော်တယ်။ သူ အဲ့ဒီလို Body Language နဲ့လုပ်ပြရင် အရမ်းချစ်ဖို့ကောင်းတယ်''လို့ Cindy ကပြောပါတယ်။

play

 

အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကိုရီးယားမလေး Sung Shin ဟာ သူတို့တစ်ယောက်ချင်းစီတိုင်းကိုလည်း ဂရုစိုက်တတ်သူဖြစ်ပြီး စိတ်ညစ်စရာတွေရှိရင်လည်း အားပေးတတ်သူပါလို့ Cindy က ချီးကျူးစကားဆိုပါတယ်။

'' Sung Shin ကကျတော့ ညီမတို့အကုန်လုံးကို အရမ်းကိုဂရုစိုက်ပါတယ်။ တစ်ယောက်ချင်းစီကို ဘာလိုအပ်တာရှိလဲ တစ်ယောက်ချင်းစီကို စားချင်တာရှိရင်လည်း တစ်ချိန်ချိန်ကျရင် အတူတူသွားစားကြမယ်ပေါ့ တိုင်ပင်တယ်။ စိတ်ညစ်စရာရှိရင်လည်း လာအားပေးတယ် အရမ်းကိုချစ်စရာကောင်းတဲ့ Unnie ပါ'' တဲ့။

play

 

Rose Quartz အဖွဲ့ရဲ့ အသက်အငယ်ဆုံးလေးဖြစ်တဲ့ ထိုင်းမလေး Earn ရဲ့ အပြင်ပန်းပုံစံလေးကြောင့် စစတွေ့ချင်မှာ ကြုံခဲ့ရတဲ့ အမှတ်တရကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

''  Earn ကကျတော့ သူကချစ်ဖို့အကောင်းဆုံးပါ၊ သူ့ပုံစံကိုအပြင်ပန်းကကြည့်ရင်လေ ညီမတို့ စစချင်းတွေ့တုန်းကဆိုရင် သူကဖော်ဖော်ရွေရွေ မရှိလောက်ဘူးပေါ့။ သူနဲ့စကားပြောရင်း ခင်ဖို့ လွယ်ပါ့မလားပေါ့ စိုးရိမ်ခဲ့ပေမယ့် တကယ်ကိုအရမ်းကိုခင်ဖို့ကောင်းပြီးတော့ ပျော်ပျော်နေတတ်တဲ့ ကလေးလေးပါ'' လို့ သူကဆိုပါတယ်။

play

 

အဖွဲ့ဝင်တွေအားလုံးနဲ့ မိတ်ဆက်ပေးခဲ့တဲ့ Cindy ကိုလည်း ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေက အရမ်းကိုပဲ ချစ်ကြပါတယ်။

ဒီအကြောင်းကို Cindy က Duwun Media နဲ့ သီးသန့်အင်တာဗျူးမှာ ပြောခဲ့တာပါ။ အင်တာဗျူးထဲမှာတော့ သူတို့ရဲ့အမှတ်တရဖြစ်ရပ် လေးတွေကို အပြည့်အစုံ ပြောပြထားသေးတာမို့ Video လင့်ခ်ကိုလည်း ထည့်ပေးလိုက်ပါတယ်နော်။

play

 

Rose Quartz အဖွဲ့မှာ အဖွဲ့ဝင် ၅ ဦးပါဝင်ပြီး Sung Shin ဆိုတဲ့ ကိုရီးယားမလေးတစ်ဦး၊ ထိုင်းမလေးတွေဖြစ်တဲ့ EARN နဲ့ EING မြန်မာမလေးတွေဖြစ်တဲ့ Cindy နဲ့ နေခြည်တို့ ပါဝင်ပါတယ်။

play

 

မကြာခင်က ထုတ်လွှင့်လိုက်တဲ့ သူတို့ရဲ့ ပထမဆုံး Single Album  "Realize" က အခု အရမ်းကို နာမည်ကြီးနေတာ ဖြစ်ပါတယ်။ အဲဒီသီချင်းကို မြန်မာဘာသာနဲ့ရော ထိုင်းဘာသာနဲ့ပါ သီဆို ထုတ်လွှင့်ခဲ့ပါတယ်။ ကိုရီးယားသီချင်းဗီဒီယိုလေးလို ဖန်တီးထားပြီး အားလုံးက မြန်မာလို သီဆိုထားတဲ့အတွက် မြန်မာပရိသတ်ရဲ့ အားပေးမှု အပြည့်အဝ ရခဲ့တဲ့ ဗီဒီယိုဖိုင်လေးလည်း ဖြစ်ပါတယ်။ အခုဆိုရင် Realize သီချင်း ဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ၆ သိန်းကျော်သွားပါပြီ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD