အဲ့လိုအဝတ်လေးတွေနဲ့ဆို ဘယ်လိုတွေတောင်လှလဲနော်။

သင်ဇာဟာ အဝတ်အစားနဲ့ ပတ်သက်လာရင် sexy ဘက်သွားတာမျိုးကို ပိုကြိုက်သလို အဲ့လိုပုံစံမျိုးလေးတွေကို ဝတ်လေ့ရှိတယ် တဲ့။ ဇူလိုင်(၁၄) ရက်နေ့ ညက ဝတ်လာတဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီးတော့လည်း သူမက ပြောပြခဲ့ပါသေးတယ်။



 

သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ် အသားပေးတဲ့ အလှဓာတ်ပုံတော်တော်များများကို social Media ပေါ် တင်ဖြစ်သူပါ။ လှပတဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ပေါ်လွင်စေမယ့် အဝတ်အစားမျိုးတွေ ရေကူးဝတ်စုံမျိုးတွေကို  ဝတ်ပြီး Social Media ပေါ် တင်လေ့ရှိပါတယ်။သူမဟာ အဝတ်အစားပိုင်းနဲ့ ပတ်သက်လာရင် Sexy ဘက်သွားတဲ့ပုံစံမျိုးကို ကြိုက်တာကြောင့် အဲ့လိုပုံစံမျိုး ပိုပြီး ဝတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

 

ဇူလိုင် (၁၄) ရက်နေ့က လည်း Balance Fitness ဆိုင်ဖွင့်ပွဲကို လည်း sexy လုံးဝဆန်တဲ့ ဝတ်စုံလေးကို ရွေးချယ်ဝတ်ဆင်လာတာကြောင့် ပရိသတ်တွေကြား တော်တော့်ကို ရေပန်းစားလို့ သွားပါတယ်။

"ဒီဝတ်စုံလေးက သင်ဇာ့ idea နဲ့ ကိုယ်ပါ။ ဘယ်ဒီဇိုင်နာမှ ချုပ်ထားတာ မဟုတ်ပါဘူး။ အဓိကက ကိုယ်လည်း Comfortable ဖြစ်မယ့်ဟာ..ပြီးရင် ဘယ်သူမှလည်း သိပ်မဝတ်သေးတဲ့ဟာပေါ့နော်။ ပြီးရင် ကိုယ်နည်းနည်း ကြိုက်မယ့်ဟာ။ကိုယ်က Sexy ဘက်သွားတာ ကြိုက်တော့ Sexy ဘက်သွားတာလေးတွေ ပိုဝတ်ဖြစ်ပါတယ်။" ဆိုပြီး သူမဝတ်လာတဲ့ ဝတ်စုံနဲ့ ပတ်သက်လို့ အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာပါ။

 

သင်ဇာဝင့်ကျော်ရဲ့ ဝတ်စားဆင်ယင်မှုအပိုင်းနဲ့ ပတ်သက်ပြီး လက်ခံတဲ့ ပရိသတ်တွေရှိသလို ဝေဖန်သူတွေလည်း များစွာ ရှိခဲ့ပါတယ်။ သူမကို တော်ရုံတန်ရုံ ဝေဖန်တဲ့ ကောမန့်တွေ စော်ကားတဲ့ ကောမန့်တွေကို ပြန်ပြီး ဖြေရှင်းေ့လရှိတဲ့ အနုပညာရှင် မဟုတ်ပါဘူး။

ဒါပေမယ့် ဇူလိုင်(၁၂) ရက်နေ့က swim suit နဲ့ ရိုက်ထားတဲ့ ပုံနဲ့ ပတ်သက်ပြီး ဝေဖန်စာ ရေးထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကောမန့်ကို တော့ ပြန်ပြီး ဖြေရှင်း ဖြစ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့လည်း သူမဘာလို့ ဖြေရှင်းဖြစ်ကြောင်းကို ယခုလို  ပြောပြခဲ့ပါတယ်။

ဝေဖန်သူကို ပညာသားပါပါ တုန့်ပြန်လိုက်တဲ့ သင်ဇာဝင့်ကျော် 

"တော်ရုံတန်ရုံစော်ကားတာလောက်ကတော့တုန့်ပြန်လေ့ မရှိဘူး။ဒါပေမယ့် ကိုယ်သိက္ခာကို ထိပါးတယ်။ မဟုတ်လည်း မဟုတ်ဘူး။ အဲ့အတွက် ကြောင့်ကိုယ်က ပြန်ဖြေရှင်းတာပါ။ ဒီစကားက သူက မသိလို့ ပြောတာထက် ကိုယ့်ဂုဏ်သိက္ခာ ကိုယ်မဟုတ်တာကို စော်ကားချင်တဲ့စိတ်နဲ့ ရည်ရွယ်ကြံစည်ပြီးပြောတယ်။ ပြီးတော့ ဒါကလည်း လုံးဝမဟုတ်ဘူး။ညိမ်ခံနေလိုက်တယ်ဆိုရင် ဒါသင့်ဇာဂုဏ်သိက္ခာညိုးနွယ်းနိုင်တယ်။ အဲ့ဒါကြောင့် ဖြေရှင်းတာပါ။" ဆိုပြီး ဇူလိုင်(၁၄) ရက်နေ့ ညက ကျင်းပခဲ့တဲ့ Balance Fitness ဖွင့်ပွဲမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

 

သူမကို ဝေဖန်တဲ့ အမျိုးသမိးကိုလည်း ပြန်တောင်းပန်ခိုင်းထားပေမယ့် အဲ့ဒီအမျိုးသမီးဘက်က ဘာမှပြောလာတာမျိုး မရှိသေးဘူးလို့ သင်ဇာက ဆိုပါတယ်။

"သူ့ကို ပြန်တောင်းပန်ခိုင်းထားတယ်။ တော်ရုံတန်ရုံမိန်းကလေးဆိုရင် ဒီလောက်ထိ ပြောတယ်ဆိုရင် ရှက်ပြီးတောင်းပန်တယ်လေ။ ဒါပေယ့်အခုချိန်ထိတော့ တောင်းပန်တာဘာတွေတော့ မရှိသေးဘူး။ သက်သေကို public ပါ ချပြနိုင်ရင် ကိုယ်လက်ခံတယ်။ မဟုတ်ပဲနဲ့တော့ လာမပြောနဲ့မကြိုက်ဘူး။ သူများအကြောင်းလည်း ဘာမှမသိပဲနဲ့ Personal attack လုပ်တာသင်ဇာမကြိုက်ပါဘူး။" ဆိုပြီး ဇူလိုင်(၁၄) ရက်နေ့ ညက ကျင်းပခဲ့တဲ့ Balance Fitness ဖွင့်ပွဲမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

 

အဲ့ဒီနေ့တွေကလည်း သင်ဇာဟာ အလုပ်တွေအားနေသလို အွန်လိုင်းရှော့ပင်ကလည်း မှာထားတဲ့ အဝတ်အစားတွေ ရောက်လာတာကြောင့် ဝတ်ကြည့်ပြီး ဓာတ်ပုံရိုက်ကာ အွန်လိုင်းပေါ် တင်ဖြစ်ခဲ့တာပါတဲ့။ သူမအနေနဲ့ အဲ့ဒီဝတ်စုံနဲ့လည်း တစ်ခါမှ ရိုက်ပြီး မတင်ဖြစ်ဘူးသလို တင်ချင်တဲ့ စိတ်ရှိလို့ တင်လိုက်တာ ဖြစ်တယ်လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

သူမဟာ လုပ်ချင်တဲ့ အရာတစ်ခုကို ကောက်ခါငင်ကာ လုပ်တတ်တဲ့အကျင့်ရှိသလို အဲ့ဒါကလည်း ဘယ်သူကိုမှ ဒုက္ခပေးတာမျိုးမဟုတ်ပဲ ဖျေ်ာဖြေမှုတစ်ခုအနေနဲ့လုပ်ခဲ့တာလို့ သူမက ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က