သူတို့ရဲ့ အမှတ်တရ ပစ္စည်းလေးတွေကိုလည်း စုဆောင်းဖြစ်တယ်။

အဆိုတော် ပိုပိုဟေသာက K-Popper တစ်ယောက်ပါလို့ ဖွင့်ပြောလာပါတယ်။ သူကတော့တောင်ကိုရီးယားနိုင်ငံက အဆိုတော် အဖွဲ့ဖြစ်တဲ့ Shinee အဖွဲ့ကို အားပေးလာခဲ့တာပါ။ ၂၀၁၂ ခုနှစ်ကတည်းက အားပေးလာခဲ့တာကြောင့် Shinee အဖွဲ့ နဲ့ ပတ်သက်တဲ့ အမှတ်တရ ပစ္စည်း လေးတွေကိုလည်း စုဆောင်းဖြစ်တယ်။

Photo: Po Po Hethar FB

 

ကမ္ဘာ့ဖလား ပိတ်ပွဲမှာ EXO အဖွဲ့ က သီချင်းသီဆိုခွင့်ရခဲ့တာကြောင့် ဂယက်တွေထခဲ့တဲ့အပေါ် ပိုပိုဟေသာက မကြိုက်တဲ့ သူတွေလည်း လွန်ကျူးတဲ့ ပြောဆိုမှုမလိုအပ်သလို အားပေးတဲ့ သူတွေကလည်း ဆတ်ဆတ်ထိမခံ ဖြစ်နေဖို့ မလိုဘူးလု့ိ ပြောပါ တယ်။ သူတကယ် အားပေး တဲ့ အဖွဲ့ကတော့ Shinee အဖွဲ့ပါလို့ မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဟေသာကတော့ Shinee ကို အားပေးတာပါ။ ၂၀၁၂ လောက်ကတည်းက အားပေးတာပါ။ အခုဆိုရင်တော့ ၆ နှစ်လောက်ရှိပြီပေါ့။ ဟေသာ့ထက် အမေက ပိုပြီးတော့ သဘောကျတယ်ဆိုတော့ ဟေသာတို့ နှစ်ယောက်က ပစ္စည်းလေးတွေ ဝယ်စုကြတယ်။ အခွေတွေကိုလည်း Offical ဝယ်ပါတယ်'' လို့ ဆိုပါတယ်။

Photo: Po Po Hethar FB

 

ပိုပိုဟေသာ အနေနဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပိတ်ပွဲမှာ တောင်ကိုရီးယားနိုင်ငံရဲ့ အောင်မြင်တဲ့အဆိုတော်အဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ က သီဆို ဖျော်ဖြေခွင့်ရရှိခဲ့တာကြောင့် ဝေဖန်မှုတွေကိုလည်း မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။ EXO ကတော့ EXO ပါပဲ ဆိုတဲ့ သူ့အနေနဲ့ မကြိုက်တဲ့ သူတွေလည်း လွန်ကျူးတဲ့ ပြောဆိုမှုမလိုအပ်သလို အားပေးတဲ့ သူတွေကလည်း ဆတ်ဆတ်ထိမခံ ဖြစ်နေဖို့ မလိုဘူးလု့ိပြောပါတယ်။

'' EXO သီချင်းတွေကို နားထောင်ဖူးပါတယ်။ Exo ကတော့ Exo ပါပဲ။ ဝေဖန်ကြတဲ့အပေါ်မှာလည်း အရမ်းကြီးပြောလို့ မရဘူး။ ကြိုးစားမှုက လည်း လျှော့သွားလို့ မရပါဘူး ကိုယ်သဘောကျတယ်ဆိုရင် သဘောကျတဲ့ နေရာမှာပဲ ထားပါ။သဘောမကျတဲ့သူကလည်း လွန်လွန် ကျူးကျူး ပြောဖို့ မလိုဘူး။ သဘောကျတဲ့ သူကလည်း အရမ်းကြီး ဆတ်ဆတ်မခံထိ ဖို့ မလိုဘူးလို့ ထင်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: Shinee FB

ဖခင်ကတေးရေးဆရာတစ်ယောက်ဖြစ်တဲ့အတွက် အရမ်းပျော်တယ်ဆိုတဲ့ ပိုပိုဟေသာ 

ကမ္ဘာ့ဖလား ပိတ်ပွဲမှာ သီဆိုသွားတဲ့ EXO အဖွဲ့က 'POWER' သီချင်းကို ရွေးချယ် သီဆိုသွားတဲ့အပေါ် ပိုပိုဟေသာက သူ့ရဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။ ဒီ POWER သီချင်းနဲ့ ပတ်သက်ပြီးတော့လည်း ဂယက်တွေရိုက်ခဲ့တဲ့အကြောင်းကို Balance fitness GYM အသစ်ဖွင့်ပွဲကို တက်ရောက်လာရင်း အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။

'' ဟေသာက K- Pop Fan ဟုတ်ပေမယ့် ဘောလုံးပွဲတော့ မကြည့်ဘူးပေါ့နော်။ ဒီဟာကလည်း FIFA က အုပ်ချုပ်သူတွေ ဆုံးဖြတ်တဲ့ ကိစ္စဆို တော့ K-Popper တွေကလည်း ဝမ်းသာတဲ့ သူတွေရှိကြသလို အများကြီး ဂယက်တွေ ရိုက်နေတာကိုလည်း တွေ့ရပါတယ်။ အဓိက ကတော့ ပိတ်ပွဲသတင်းဖြစ်တဲ့အတွက် သူတို့လည်း ကောင်းတဲ့ သီချင်းကို ရွေးလိုက်တာ နေမှာပါ'' လို့ ဆိုပါတယ်။

Photo: Po Po Hethar FB

 

အဆိုတော်ပိုပိုဟေသာကတော့ တေးရေးဆရာ ဇဝါ ရဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက အောင်မြင်တဲ့တေးရေးဆရာဖြစ်လို့ ဂီတအလုပ်ကို ကြိုးစားနေရတဲ့အပိုင်းက စိတ်ဖိစီးမှု မရှိတဲ့အပြင် တေးရေးဆရာတစ်ယောက် ဖြစ်နေတဲ့အတွက် အရမ်းပျော်တယ်တဲ့။ ချစ်တဲ့စိတ်ဆိုတာ သီချင်းနဲ့ ပရိသတ်တွေ စတင်အားပေးလာတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က