AD
AD
AD
play

 

သရုပ်ဆောင် ရွှေမှုံရတီက ဒီနေ့ (မေလ ၁၆ ရက်) မှာ ကျရောက်တဲ့  အသက် ၂၀ ပြည့်မွေးနေ့ကို မှော်ဘီမြို့နယ်၊ အောင်ဇဗ္ဗူတောရကျောင်းတိုက်မှာ အလှူပြုလုပ်ရင်း ဖြတ်သန်းခဲ့ပါတယ်။

မွေးနေ့အလှူအဖြစ် သံဃာ ၁၀၈ ပါးကို ဆွမ်းကပ်ခဲ့တဲ့အပြင် သင်္ကန်းနဲ့ ဝတ္ထုငွေများ ကပ်လှူခဲ့ကာ လူတစ်ထောင်စာအတွက် ထောပတ်ထမင်းနဲ့ ကြက်သား ကျွေးမွေးကုသိုလ်ယူခဲ့ပါတယ်။

play

 

"ထိပ်စည်းပြောင်းပြီဆိုတော့ လူကြီးဆန်ရတော့မယ်။ အလှူတွေလုပ်ခဲ့ပေမဲ့ ဖေ့စ်ဘွတ်ပေါ်မတင်ခဲ့ဘူး။ ဒါက အသက် ၂၀ ပြည့်ဖြစ်တဲ့အတွက် အမှတ်တရလေးလည်း ဖြစ်သွားအောင် လုပ်လိုက်တဲ့သဘောပါ။ အမေ့ဆီက လက်ကောက်လေး လက်ဆောင်ရတယ်။ ညီမလေးက ကိတ်မုန့်လေး လက်ဆောင်ပေးတယ်" လို့ ရွှေမှုံရတီက ဆိုပါတယ်။

ဒါပေမဲ့ ရွှေမှုံရဲ့ အသက် ၂၀ ပြည့်မွေးနေ့မှာ ရွှေမှုံအရမ်းချစ်ရတယ်ဆိုတဲ့ မောင်တော့ ပါမလာပါဘူး။ အကြောင်းကတော့ ချစ်သူနဲ့ လမ်းခွဲလိုက်လို့ပါလို့ ဆိုပါတယ်။

play

 

"လက်ရှိ ချစ်သူမရှိဘူး။ အသက် ၂၀ ပြည့်မွေးနေ့မှာ ချစ်သူမရှိပေမဲ့ အရမ်းပျော်ပါတယ်။ ညီမရဲ့ဘဝမှာ ပထမဆုံး လွတ်လပ်ပေါ့ပါးတဲ့ ခံစားချက်ကို ခံစားရတာပါ။ အခုမွေးနေ့မှာ အရမ်းကို ပျော်နေတယ်။ မိသားစုနဲ့ ပရိသတ်တွေ သိုက်သိုက်ဝန်းဝန်းနဲ့ အရမ်းပျော်ရပါတယ်" လို့ ရွှေမှုံက လက်ရှိခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပါ။

play

 

ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD