AD
AD
AD
play
Photo: MODA.com.mm

 

ပြည့်စုံလွန်း MTV နဲ့ လူသိများကျော်ကြားလာတဲ့ Jenny က သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး Duwun Media မှ မေးမြန်းမှုတွေကို ပွင့်ပွင့်လင်းလင်းပဲ ဖြေကြားပေးခဲ့ပါတယ်။

''အချစ်ရေး မှာတော့ လောလောဆယ် ဖီလင်က သစ္စာရှိရှိ နဲ့ တစ်ဦးတစ်ယောက်တည်း ချစ်တတ်တဲ့ ကောင်လေးမျိုးကို သဘောကျတယ်။ အရင်ကလည်း ချစ်သူရှိခဲ့ဖူးပါတယ်၊ ဒီလိုပဲ ကံမပါဘူး လမ်းခွဲလိုက်ကြတယ်။ လောလောဆယ်တော့ Single ပါ'' လို့ Jenny က ပြောပြခဲ့တာပါ။

play

 

Jenny က တစ်ယောက်တည်း ဖြတ်သန်းလျှက်ရှိနေတဲ့ အချိန်တွေ အပေါ် သူ့ရဲ့ ခံစားချက်လေးကို အခုလိုပြောပြခဲ့ပါတယ်။

'' တစ်ယောက်တည်းရပ်တည်ရတာ ပိုပြီးတော့ကောင်းတယ်။ နှစ်ယောက်ရှိတာ မကောင်းဘူးလို့တော့ မပြောပါဘူး။ တစ်ယောက်တည်းရှိရင် အလုပ်တွေ ပိုပြီးတော့လုပ်ဖြစ်တယ်။ ကိုယ့်အတွက်ကိုယ် ပိုပြီးတော့ အချိန်ပေးဖြစ်တယ်။ အရှေ့ကို မြန်မြန်ပိုရောက်တာပေါ့'' လို့ဆိုပါတယ်။

 

Jenny ဟာ အရင်ကထက်စာရင် ပိုပြီးတော့ ရင့်ကျက်လာသလို  လူတွေအကြောင်းလည်း ပိုသိလာတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သူငယ်ချင်းနဲ့ အတူ ကိုယ်ပိုင်စီးပွားရေး တစ်ခုလုပ်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

'' ကိုယ့်ကိုယ်ကို ရင့်ကျက်လား၊ မရင့်ကျက်လားဆိုရင်တော့ သေသေချာချာ မသိသေးဘူး။ ဒါပေမယ့် အရင်ကထက်စာရင်တော့ အများကြီး ပိုရင့်ကျက်လာပြီးတော့ လူတွေအကြောင်း ပိုပြီးတော့ သိလာတယ်။ ကျောင်းပိတ်တုန်းကလည်း Island Flower School ဆိုတဲ့ ကျောင်းမှာ ညီမ တက်ဖြစ်တယ်။ အဲ့ဒီကနေပြီးတော့ ပန်းထိုးတာ ညီမရဲ့ ဝါသနာအဖြစ် တွေ့လာတယ်။ အခုတော့ ညီမသူငယ်ချင်းနဲ့ ပေါင်းပြီးတော့ Floral Service လေး တစ်ခုလုပ်ဖို့အစီအစဉ်ရှိပါတယ်။ ကိုယ်ပိုင် Business လေးပေါ့နော်။ စလုပ်တော့မယ်ပေါ့'' လို့ ကျောင်းတစ်ဖက်နဲ့ စီးပွားရေးလုပ်မယ့် အစီအစဉ်ကို Jenny က ပြောပြပါတယ်။

play
Photo: MODA.com.mm

 

Jenny ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ ဥပဒေပညာကို စတုတ္ထနှစ်မှာ တက်ရောက်ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။  သူ့အနေနဲ့ အနုပညာအလုပ်ထက် ပညာရေးအပိုင်းကို ပိုပြီးဦးစားပေးသွားမယ်လို့ ဆိုပါတယ်။သူ့ကိုတော့ အဆိုတော် ဇော်ပိုင်သီဆိုထားတဲ့ ပြည့်စုံလွန်း MTV လေးထဲကနေ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ ခန္ဓာကိုယ် သေးသေး သွယ်သွယ်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာ၊ လှပလွန်းတဲ့ အပြုံးလေးတွေကြောင့်လည်း ယောက်ျားလေးပရိသတ်၊ မိန်းကလေး ပရိသတ် တွေ အားပေးလာကြတာဖြစ်ပါတယ်။ Jenny ဟာ အခုလက်ရှိမှာ တီဗီကြော်ငြာလေးတွေ ၊ MTV လေးတွေရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD