AD
AD
AD
play
Photo: Kyaw Kyaw Facebook

 

ဖေ့စ်ဘွတ်ပေါ်မှာ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သရုပ်ဆောင်ကျော်ကျော်ကတော့ အခုလက်ရှိမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူး နေတာ ဖြစ်ပါတယ်။ ကျော်ကျော်ဟာ ၂၀၁၇ ခုနှစ်အတွင်းတုန်းက အနုပညာရှင်တွေ ဖွဲ့စည်းထားတဲ့ Fb Group Chat ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ရတဲ့ အပေါ် Duwun Media ကနေ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

'' ကျွန်တော်တို့ အပြင်မှာ ကြုံတွေ့နေရတဲ့ ကိစ္စမဟုတ်ပဲနဲ့ Social Media ပေါ်မှာ ကြုံရတဲ့ ကိစ္စဆိုတော့ ပြောရတာ ခက်တယ်လေ အဲ့ဒီတော့ ဘာမှ မဖြစ်ပါဘူး။  ပြောချင်တဲ့သူတွေကတော့ ပြောမှာပဲလေ။ ဒါကတော့ ကိုယ့်ကို ကောင်းစေချင်လို့ပြောတာလို့ ဘဲ သတ်မှတ်လိုက်တယ်။ အပြင်လောကမှာနဲ့ Social Media ပေါ်မှာကတော့ အများကြီး ကွာခြားပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ကျော်ကျော့် အနေနဲ့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ အားပေးတဲ့ ပရိသတ်တွေပို များလာတယ်လို့ ဆိုပါတယ်။

'' ဒါကလည်း ကျွန်တော်တို့ သရုပ်ဆောင်ကိုပဲ ဇောက်ချပြီးတော့ လုပ်ခဲ့တဲ့ အကျိုးတွေကြောင့် အားပေးလာကြတယ်လို့ ထင်ပါတယ်။ အခုလည်း အရိပ်ဇာတ်လမ်းတွဲ လွှင့်တယ် ပရိသတ်ကလည်း ကိုယ့်ကို  တစ်ခဲနက်အားပေးကြတယ်ဆိုတော့ ဒီလိုပါပဲ၊ လူဆိုတာဘဝမှာ ရှုံးတဲ့အခါလည်းရှိမယ်၊ နိုင်တဲ့အခါလည်းရှိမယ်။ အဆင်ပြေတဲ့အခါလည်းရှိမယ်၊ အဆင်မပြေတဲ့အခါလည်းရှိမယ်ဒါတွေကတော့ လောကဓံရှစ်ပါးထဲမှာ ပါတာပဲလေ။ ဘာမှတော့ မဖြစ်ပါဘူး''ဆိုပြီးတော့ ဇွန်လ ၇ ရက်နေ့က သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံ ကနေ ဖွင့်လှစ်ခဲ့တဲ့ Lucky Stars ဘောလုံးကွင်းဖွင့်ပွဲက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play
Photo: Kyaw Kyaw Facebook

 

သရုပ်ဆောင်ကျော်ကျော်ကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာ ဖြစ်ပါ တယ်။ အခုလက်ရှိမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကျော်ကျော်ပါဝင်ထားတဲ့ အရိပ်ဇာတ်လမ်း တွဲကိုလည်း အခုလက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်ကျော်က ပေါက်ကျိုင်း ဆိုတဲ့ ကာရိုက်တာနဲံ့ ပါဝင်သရုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD