ကြည့်ရှုသူ ပရိသတ်ပေါင်း ၂ သိန်းကျော်ခဲ့ပါပြီ။

အဆိုတော် နီနီခင်ဇော်ရဲ့ အောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Stand by me ( Acoustic version ) MTV အသစ်လေးကို GBT တွေရဲ့ ချစ်ခြင်းမေတ္တာတွေ ဖွဲ့ဆိုထား တဲ့ ပုံရိပ်လေးများနဲ့ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ MTV လေးထဲမှာ တော့ ပရိသတ်အချစ်တော် အနုပညာရှင်တွေရဲ့ စုံတွဲလေးတွေက ပါဝင်သရုပ်ဆောင်ထားတာပါ။

Photo: Ni Ni Khain Zaw Facebook

 

အဆိုတော် နီနီခင်ဇော်ရဲ့ အောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Stand by me ( Acoustic version ) MTV အသစ်လေးကို သြဂုတ်လ ၁၃ ရက်နေ့ည ၈ နာရီခွဲ လောက်က ပရိသတ်နဲ့ မိတ်ဆက်လိုက်ပါတယ်။ ဒီသီချင်းအမျိုးအစားနဲ့ ဖန်တီးမှုလေးကိုတော့ LGBT တွေရဲ့ ချစ်ခြင်း မေတ္တာတွေကို ဖွဲ့ဆိုထား တဲ့ ပုံရိပ်လေးတွေ ထည့်သွင်းထားတာဖြစ်ပါတယ်။

Photo: Ni Ni Khain Zaw Facebook

 

Stand by me သီချင်းထဲမှာတော့ သရုပ်ဆောင် အောင်မြင့်မြတ် နဲ့ အိမီမီကို ၊ မိတ်ကပ် မေဦးနဲ့ ဟန်လင်း၊ မိတ်ကပ် မထက် နဲ့ စိုင်းတွမ်ခမ်၊ ယမင်းစုမော် နဲ့ သဲသဲ၊ ဖြိုးဖြိုးနဲ့ မျိုးဦး စတဲ့ ချစ်သူ စုံတွဲလေးတွေက ပါဝင်သရုပ်ဆောင်ထားပြီး စောစန္ဒီနိုင်နဲ့ နီနီခင်ဇော် တို့ကလည်း ပါဝင် ထားပါတယ်။ ဒီ MTV လေးကိုတော့ အဖြူရောင်ကာလာတွေ သုံးပြီး ဆန်းဆန်းပြားပြား လေးဖန်တီးထားတာကိုလည်း တွေ့ရပါတယ်။

Photo: Ni Ni Khain Zaw Facebook

အဝင်းနဲ့ ရွှေမှုံရတီ သရုပ်ဆောင်ထားတဲ့ နီနီခင်ဇော်ရဲ့ Music Video

Stand by me ရဲ့  Acoustic version အသစ်လေးကိုတော့ ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တဲ့ ၁၈ နာရီအတွင်းမှာလည်း အားပေးကြည့်ရှုသူ ပရိသတ်ပေါင်း ၂သိန်း ၇ သောင်း ၄ထောင် ၂၀ ဦး ရှိခဲ့ပါတယ်။ သီချင်းပုံစံလေးကတော့ R&B Music ပုံစံလေးဖြစ်ပြီး ပရိသတ်တွေကလည်း အရမ်းကောင်းတဲ့အကြောင်း Comment တွေ ဝေဝေဆာဆာရှိခဲ့ပါတယ်။ လိင်တူချစ်သူ တွေရဲ့ ချစ်ခြင်းမေတ္တာ၊ ဆန့်ကျင်ဘက်လိင် နဲ့ ချစ်ခြင်းမေတ္တာ တို့ကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

Photo: Ni Ni Khain Zaw Facebook

 

နီနီခင်ဇော်ဟာ ဇွန်လ အတွင်းတုန်းကလည်း အချစ်သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ '' ချစ်လျှက်နဲ့ လမ်းခွဲ'' ဆိုတဲ့ သီချင်း MTV လေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး  အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ နီနီခင်ဇော်က Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က