AD
AD
AD

ဒီနေ့ဟာ အောင်မြင်တဲ့ Rap အဆိုတော်အဖွဲ့ဖြစ်တဲ့ Snare အဖွဲ့ထဲက ဖြိုးလေးရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ ဒီနေ့ မွေးနေ့ပွဲအတွက် ချစ်သူလေး ဝါဆိုမိုးဦးကတော့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူတူ မွေးနေ့ Suprise ပြုလုပ်ပေးခဲ့ပါတယ်။

play

 

မွေးနေ့ အမှတ်တရအနေနဲ့ အနီရောင်ဘောလုံးလေးတွေကိုင်ပြီး မွေးနေ့ ကိတ်ခွဲခဲ့ပါတယ်။ ဖြိုးလေးရဲ့ မွေးနေ့မှာ သူငယ်ချင်းဖြစ်တဲ့ ဘန်နီဖြိုးကလည်း သီချင်းလေးတစ်ပုဒ်လက်ဆောင်ဆိုပေးခဲ့ပြီး ဖြိုးလေးကိုယ်တိုင်ကလည်း သီချင်းတစ်ပုဒ်လက်ဆောင်ပြန်ဆို ပေးခဲ့ပါတယ်။ Snare အဖွဲ့ရဲ့ အောင်မြင်တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်တဲ့ အမုန်းမြို့သူ သီချင်းကို လာရောက်ကြတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူတူသီဆိုခဲ့ကြပါတယ်။

play

 

ပျော်စရာကောင်းတဲ့ မွေးနေ့အမှတ်တရလေးကို ဖြိုးလေးရဲ့ အိမ်မှာပဲ ကျင်းပပြုလုပ်ခဲ့တာပါ။ အဆိုတော်ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ဟာ ချစ်သူသက်တမ်း ၂ နှစ်ကျော်လို့ ၃ နှစ်ထဲကို ရောက်နေကြပါပြီ။ ချစ်သူသက်တမ်း ၂ နှစ်ပြည့်တုန်းကလည်း အမှတ်တရအနေနဲ့ လက်ဆောင်ပစ္စည်းလေးတွေ အလဲအလှယ်လုပ်ခဲ့ကြပါတယ်။

Photo: ဖြိုးလေးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD