သူ့မှာ Confidence အပြည့်ရှိတယ်။

"အောက်ဖဲမလှန်ကြေး" ရုပ်ရှင်ဇာတ်ကားမှာ အတူတူပါဝင်သရုပ်ဆောင်ရမှာ ဖြစ်တဲ့ Beauty Blogger နေခြည်ဦးအပေါ် ထွန်းအိန္ဒြာဗိုက သူမရဲ့ အမြင်လေးတွေကို ပြောပြလာတာဖြစ်ပါတယ်။



 

"အောက်ဖဲမလှန်ကြေး" ရုပ်ရှင်ဇာတ်ကားမှာ အတူတူပါဝင်သရုပ်ဆောင်ရမှာ ဖြစ်တဲ့ Beauty Blogger နေခြည်ဦးအပေါ် ထွန်းအိန္ဒြာဗိုက သူမရဲ့ အမြင်လေးတွေကို ပြောပြလာတာဖြစ်ပါတယ်။ မခိုင်ကြီးလို့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေ ချစ်စနိုးခေါ်ကြတဲ့ ထွန်းအိန္ဒြာဗိုက နေခြည်ဦးမှာ  Talent တွေအများကြီး ရှိတယ်လို့ ဆိုပါတယ်။

အောက်ဖဲမလှန်ကြေး ရုပ်ရှင်ဇာတ်ကားမှာ နေခြည်ဦးကို ထည့်ရိုက်ဖြစ်တဲ့ အကြောင်းကိုလည်း မခိုင်ကြီးက ယခုလို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ ပါတယ်။

"နေခြည်ဦးကို ထည့်ရိုက်ဖြစ်တာက ဒီကားမှာ သွက်သွက်လပ်လပ်နဲ့ ထက်ထက်မြတ်မြတ် ရဲရဲတင်းတင်း ကာရိုက်တာမျိုးလိုအပ်တယ်။ နောက် ကမ်းခြေကားလည်း ဖြစ်တဲ့အတွက် အလှအပလေးတွေလည်း လိုအပ်တယ်။ခန္ဓာကိုယ် အချိုးအစားကအစပေ့ါ။ ဆိုတော့ သူနဲ့ကိုက်တယ်လို့ ယူဆတဲ့အတွက် ရွေးချယ်တာပါ" ဆိုပြီး မခိုင်ကြီးက အောက်တိုဘာ(၃) ရက်နေ့က ပြုလုပ်တဲ့ သက်ကြီးဘိုးဘွားများအတွက် အလှူငွေပေး အပ်ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

 

ဆက်လက်ပြီးတော့လည်း နေခြည်ဦးရဲ့ စကားပြောဆိုပုံလေးတွေနဲ့ ပတ်သက်ပြီး ယခုလို သုံးသပ်ပေးထားပါသေးတယ်။

"သူ့မှာက Confidance အပြည့်ရှိတယ်။ နောက်သူပြောတဲ့ စကားတွေက အများအားဖြင့်တော့မှန်တယ်။ ဒါပေမယ့် အသုံးအနှုန်းလေးတွေတော့ မြန်မာများရဲ့ နားနဲ့ လိုက်ဖက်အောင် ရွေးချယ်သုံးသင့်တယ်လို့ ထင်တယ်။  သူအနေနဲ့ သေချာနားလည်အောင် ပြောရင်တော့ ဒီထက်ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ်" ဆိုပြီး မခိုင်ကြီးက သုံးသပ်ပေးသွားပါတယ်။

 

"ခခခ" ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် "အောက်ဖဲမလှန်ကြေး" ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ငပလီတွင် သွားရောက်ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယင်းဇာတ်ကားမှာ ပါဝင်မယ့် နေခြည်ဦးအနေနဲ့လည်း ဝိတ်ချနေသလို ဟာသကားဖြစ်တဲ့အတွက် အရမ်းရင်ခုန် နေတယ်လို့ စက်တင်ဘာ(၂၁) ရက်နေ့က ပြုလုပ်တဲ့ Ponds ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲမှာ  ယခုလို ပြောပြခဲ့ပါတယ်။

'' အရမ်းပျော်တယ်။ ငပလီဆိုတာ အရှေ့တောင် အာရှထဲက အလှဆုံး ကမ်းခြေထဲမှာလည်းပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံက ဖြစ်တဲ့ အတွက် လည်း အရမ်းပျော်တယ်။ ပြီးတော့ ကမ်းခြေရဲ့ ဖီလင်က တခြားနေရာမှာ ရိုက်တာနဲ့ မတူဘူး ကြည့်ရတဲ့လူလည်း တန်တယ်။ ပြီးတော့ ကမ်းခြေမှာ ရိုက်ဖို့ ရွေးချယ်တာကိုလည်း ကျေနပ်မိပါတယ်'' လို့ ဆိုပါတယ်။

 

ထွန်းအိန္ဒြာဗိုလ် ဟာ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်း ထူးချွန်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က