AD
AD
AD
play

 

သရုပ်ဆောင်အကယ်ဒမီဝတ်မှုံရွှေရည်ဟာ စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ နာမည်ကြီး Fashion Brand တစ်ခုဖြစ်တဲ့ Hugoboss Fashion Week ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အနုပညာရှင်တစ်ဦးအဖြစ် တက်ရောက်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ဒီပွဲမှာ သူအရမ်းကြိုက် နှစ်သက်တဲ့ idol တစ်ဦးဖြစ်တဲ့ Avengers ဇာတ်ကောင်တွေထဲက Thor လို့ အများသိကြတဲ့ Chris Hemsworth နဲ့လည်း ကိုယ်တိုင်မိတ်ဆက် တွေ့ဆုံခဲ့ရတာကြောင့် အရမ်းပျော်ခဲ့တယ်ဆိုပြီးတော့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' အမှတ်တရတွေကတော့ အများကြီးပဲ။ ကစ်အတွက် ဒီနှစ်ထဲက အမှတ်တရတွေထဲက တစ်ခုပေါ့နော်။ အမှတ်တရ အနေနဲ့ကတော့ ကစ် အရမ်းကြိုက်တဲ့ သော်န်(Thor) Chris Hemsworth ကို ကစ်တွေ့ခဲ့ရတယ်။ လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့တယ်၊ စကားလည်း ပြောခွင့်ရခဲ့တယ် အဲ့ဒါတော့ ကစ်ရဲ့ အမှတ်တရပေါ့ အရမ်းပျော်ခဲ့ရပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ကမ္ဘာကျော် Fashion Brand တစ်ခုဖြစ်တဲ့ Hugoboss  Fashion Week ပွဲအတွက် ဖိတ်ကြားခံရတဲ့အတွက်ကိုလည်း အရမ်းဂုဏ်ယူဝမ်းသာ တယ်လို့ ဆိုပါတယ်။

'' အခုလည်း စင်္ကာပူကနေ Hugoboss  Fashion Week ပွဲကို အကြီးအကျယ် သေသေချာချာလုပ်ပါတယ်။ အဲ့ဒီပွဲကနေ ကစ်ကို ဖိတ်တာ ပေါ့နော်။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့လည်း တက်ရောက်ခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူပါတယ်။ ကစ်အတွက်လည်း အတွေ့အကြုံ တွေ အများကြီးရခဲ့တယ်။ ပျော်လည်းပျော်ပါတယ်၊ ဂုဏ်လည်းယူပါတယ်၊ ဝမ်းလည်း သာပါတယ်'' လို့ ဆိုပြီးတော့ OPPO F7 Brand အသစ် မိတ်ဆက်ပွဲက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play

 

Hugboss Fashion Week ပွဲကို အကယ်ဒမီဝတ်မှုံရွှေရည်အပြင် သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီတို့ ဇနီးမောင်နှံ နှစ်ဦးလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အကယ်ဒမီ ဝတ်မှုံရွှေရည်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု အနေနဲ့ အိန္ဒိယဒါရိုက်တာရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကိုမြင့်မြတ်နဲ့ တွဲရိုက်ရမှာပါ။ ပရိသတ်တွေကိုတော့ အရမ်းချစ်နေတုန်းပဲ။ ပရိသတ်တွေအတွက် ထူးထူးခြားခြားလုပ်ဖို့ကတော့ ပြင်ဆင်နေတုန်းပဲ။ ကစ် Fan တွေကို ကစ် တွေ့ချင်ပါသေးတယ်ဆိုပြီးတော့ ပြောခဲ့ပါသေးတယ်။

play

အခုချိန်ထိ အားပေးတဲ့ပရိသတ်အခိုင်အမာရှိပြီး အောင်မြင်မှုတွေနဲ့ ရပ်တည်နိုင်တာကလည်း  ဝတ်မှုန်ရွှေရည်ရဲ့ အလုပ်အပေါ် ယုံကြည်မှု၊ စိတ်ဓာတ်ပြင်းထန်မှု၊ သစ္စာရှိမှု၊ ရိုးသားမှု တို့နဲ့ အတူ ရိုးရိုးသားသား မှန်မှန်ကန်ကန် နဲ့ ကြိုးစားမှုကြောင့်လည်း ပါဝင်သလို ပရိသတ်တွေရဲ့ မေတ္တာကြောင့်လည်း ပါနိုင်တယ်လို့ သူကပြောပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ အကယ်ဒမီ ဆုနှစ်ဆုကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ နှလုံးသားဖြင့်ပြုလုပ်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ ဆု တို့ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD