ပရိသတ်တွေကိုလည်း အရမ်းချစ်သွားတယ်။

Tik Top ဗီဒီယိုဖိုင်လေးနဲ့ ပရိသတ်အချစ်ကို ဖမ်းစားလာတဲ့ ခင်ဝင့်ဝါလေးက သူ့ရဲ့ အကောင့်ကို မသိလောက်ဘူးထင်ပြီး အပျော်လေး ရိုက်ဖြစ် ခဲ့တယ်တဲ့။ ပရိသတ်တွေက ချစ်တဲ့မျက်စိနဲ့ အားပေးခဲ့ကြလို့လည်း အရမ်းကိုပျော်ခဲ့ရတယ်လို့ ပြောပါတယ်။ သူပါဝင်သရုပ်ဆောင် ထားတဲ့ တိမ်တိုက်တံတားရုပ်ရှင်ကားလည်း ရုံတင်တော့မယ်လို့ဆိုပါတယ်။

 

လူမှုကွန်ယက် စာမျက်နှာတွေထဲက တစ်ခုဖြစ်တဲ့ Tik Top ကိုတော့ သုံးစွဲသူပရိသတ်တွေ များပြားလာတာကိုတွေ့ရပါတယ်။ ချစ်စရာ လည်းကောင်း၊ ပျော်စရာလည်း ကောင်းတဲ့ Tik Top ကို သရုပ်ဆောင်ခင်ဝင့်ဝါကလည်း အသုံးပြုလာခဲ့ပါတယ်။ ခင်ဝင့်ဝါရဲ့ Tik Top ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေက အရမ်းကို အားပေးခဲ့ကြတယ်လို့ မီဒီယာတွေကနေပြောပြခဲ့ပါတယ်။

'' ညီမက သူများတွေ Tik Tok လုပ်တာတွေ့တော့ လုပ်ကြည့်ကြည့်မယ်ဆိုတော့ ကိုယ့်အကောင့်ကိုလည်း လူတွေမသိလောက်ဘူးထင်ပြီး လုပ်ကြတာပေါ့။ ဟိုတစ်ခေါက်ကဆိုရင် မိတ်ကပ်ဆရာနှစ်ယောက်နဲ့ Tik Tok လေးရိုက်တာ ဒီအတိုင်းပဲ အပျော်လေးပဲ ရိုက်လိုက်တာ ပရိသတ်တွေက သဘောကျတယ်၊ ရယ်ရတယ်ဆိုတော့ သူတို့ကိုလည်းချစ်သွားတယ်၊ ပျော်ပါတယ်'' လို့ဆိုပါတယ်။

Tik Top ဗီဒီယိုလေးတွေကနေ ပရိသတ်အချစ်ကို ထပ်ပြီးပိုင်ဆိုင်သွားခဲ့တဲ့ ခင်ဝင့်ဝါက ဒီဟာကိုတော့ သိပ်မသုံးဖြစ်ဘူးတဲ့။သူ့အနေနဲ့ မလုပ် တတ် လုပ်တတ်နဲ့ လုပ်ဖြစ်ခဲ့တဲ့ Tik Top ဗီဒီယိုဖိုင်လေးတွေကတော့ ပရိသတ်အတွက် အရမ်းကိုချစ်စရာကောင်းခဲ့ပါတယ်။

'' ပုံမှန်တော့ မသုံးဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်က သိပ်မလုပ်တတ်ဘူးလေ။ ပရိသတ်က ချစ်တဲ့မျက်စိနဲ့ကြည့်တာဆိုတော့ချစ်ဖို့ ကောင်းလိုက်တာ လို့ပြောပေမယ့် ကိုယ့်အနေနဲ့ကျတော့ ငပေါကြီးဖြစ်သွားမှာပေါ့နော်။ သိပ်ပြီးတော့လည်း ထွေထွေထူးထူး မသုံးဖြစ်သေး ဘူး'' ဆိုပြီးတော့ဇူလိုင်လ ၈ ရက်နေ့ညကတိမ်တိုက်တံတားရုပ်ရှင်အထူးပြသပွဲကိုတက်ရောက်ရင်း မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါ တယ်။

 

ခင်ဝင့်ဝါရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ မကြာခင်ရုံတင်ပြသတော့မယ့် တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင် သရုပ် ဆောင်ထားပါတယ်။ တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ ၁၃ ရက်နေ့က စပြီးရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီး ထဲမှာ နေတိုး၊ ထွန်းထွန်း၊ ခင်ဝင့်ဝါ၊ ငုယင်ထရန်ဟုရန်မေ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ခင်ဝင့်ဝါဟာ သရုပ်ဆောင် တစ်ယောက်ဖြစ်သလို အလှမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ အလှမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။ သရုပ်ဆောင် အလုပ်နဲ့ပတ်သက်ပြီး ပညာပေးတဲ့ ဇာတ်လမ်းမျိုးတွေဆိုရင်လည်းအကောင်း ဆုံး ကြိုးစားလုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

 

Share

Loading Next Article...
က္က