Live လည်း လွှင့်ဦးမှာတဲ့။

စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ရဲ့ Tik Tok ဆော့ဖြစ်ကြတဲ့အကြောင်းလေးကို စိုးမြတ်သူဇာက အခု လို ပြောပြ လာပါတယ်။ နောက်ထပ်လည်း ဖေ့စ်ဘွတ်ကနေ ပရိသတ်ကို အချိန်ပေးပြီး စကားတွေပြောမယ်လို့ဆိုပါတယ်။



 

သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ Tik Tok ဆော့ကြတဲ့ ဗီဒီယိုလေးတင် လိုက်တဲ့ အချိန်မှာ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း Tik Tok ဆော့ရတာ ဝါသနာပါသွားပြီ ဆိုတာကို မီဒီယာတွေကနေတဆင့် သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။

'' အဲ့နေ့ က သိပ်ပင်ပန်းနေလို့ လုပ်မိလုပ်ရာ လုပ်လိုက်ကြတာပါ။ ကောင်းလို့လား ကြည့်ရှုသူတွေ တအားများတာ ငါတို့ ၃ ခါလောက်တော့ လေ့ကျင့်လိုက်ရတယ်။ မြန်တယ် အိုက်တင်သမားတွေဆိုတော့ ချက်ချင်း ဂွပ်..ဂွပ်နဲ့ ဆက်လုပ်မယ်။ ဝါသနာပါသွားတယ်။ ပထမကတော့ Live လွှင့်မလို့ သူတို့က Tik Tok ဆိုတော့ ကိုယ်လည်း Tik Tok လိုက်တာ ပြန်လေ့လာလိုက်ဦးမယ် Tik Tok က ဘာလဲလို့'' ဆိုပြီးတော့ စိုးမြတ် သူဇာ က ပြောပါတယ်။

Photo: မင်းသမီးပိုးထည်တိုက်

 

စိုးမြတ်သူဇာက သူ့ရဲ့ ပရိသတ်တွေနဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ပြီး စကားပြောဖို့ အစီအစဉ်ရှိတယ်လို့ သူကဆိုပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီး တွေ မရပ်မနား ရိုက်ကူးနေရသူဖြစ်တာကြောင့်လည်း မအားမလပ်ဖြစ်နေတယ်လို့ ဆက်လက်ပြောပြလာပါတယ်။

'' ပရိသတ်တွေနဲ့ Live လွှင့်ပြီး စကားပြောဖို့ အစီအစဉ်ရှိတယ်။ ဘယ်အချိန်လွှင့်ရမလဲ မသိဖြစ်နေတာ ကိုယ်က အမြဲတမ်း အလုပ်များရင်များ၊ မများရင် ရှုနာရှိုက်ကုန်းဖြစ်နေတာကို အဲ့ဒါလေးပါပဲ" ဆိုပြီးတော့ အောက်တိုဘာလ ၂၀ ရက်နေ့က မင်းသမီးပိုးထည်တိုက် ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

စိုးမြတ်သူဇာတို့ညီအစ်မတစ်စုရဲ့ ဝါဆိုသင်္ကန်းအလှူ 

စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ဟာ လက်ရှိအနုပညာလောကမှာ အောင်မြင်မှုရရှိပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုတွေ အပေါ်မှာလည်း ပျောက်မသွားဖို့ ယုံကြည်ချက်ရှိတယ်လို့ စိုးမြတ်သူဇာက ပြောပါတယ်။

'' မကြီးတို့ ပြောဖို့က စောပါသေးတယ်။ အတတ်နိုင်ဆုံးကြိုးစားမှာပါ မကြီးတို့ အနုပညာလောကထဲကို ဝင်လာတုန်းက အနုပညာမျိုးစက် လည်းမရှိဘူး။ အခုကျတော့ သူ့နေရာနဲ့သူ ထိုက်သင့်သလောက် အောင်မြင်ကြတယ်။ ဒါတွေကလည်း အလွယ်တကူ ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: မင်းသမီးပိုးထည်တိုက်

 

စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ဟာ သူတို့ ၄ ယောက်ရဲ့ ပထမဆုံး စီးပွားရေးတစ်ခုဖြစ်တဲ့ မင်းသမီးပိုးထည်တိုက် ကို အောက်တိုဘာလ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မင်းသမီး ဆိုတဲ့ နာမည်လေးကိုတော့ အစ်မအကြီးဆုံးဖြစ်သူ စိုးမြတ်သူဇာ က သူ့ရဲ့ မွေးနေ့မှာ အမှတ်တရအနေနဲ့ ပေးခဲ့တာလို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က