ထိုင်းနိုင်ငံမှာ ကျောင်းသွားတက်မယ်တဲ့။

အဆိုတော်ပိုပိုတစ်ယောက် ထိုင်းနိုင်ငံဘန်ကောက်မှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေပါပြီ။ အသံပိုင်းနဲ့ ပီယာနိုပိုင်းကို အဓိက ထားပြီးတော့ လေ့လာသင်ယူသွားမယ်လို့ပြောပါတယ်။

 

အဆိုတော်ပိုပိုတစ်ယောက် အခုလတ်တလောမှာ ကျောင်းတွေ တက်ဖြစ်နေတယ်တဲ့။ ၈ လပိုင်းကျရင်လည်း ဘန်ကောက်မှာ ဂီတပညာနဲ့ ပတ်သက်ပြီး အသံပိုင်းနဲ့ ပီယာနို အပိုင်းတွေကို သွားရောက် လေ့လာသင်ကြားမယ်ဆိုပြီးတော့ ဇူလိုင်လ ၂ ရက်နေ့က Uncle Mc မှာပြုလုပ်တဲ့ ညီညီမောင်(စမ်းချောင်း)ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ကိုယ့်ကိုယ်ကို upgrade လုပ်တာပေါ့နော်၊ မြန်မာနိုင်ငံမှာလည်း သင်လို့ရပါတယ်။ ဒါပေမယ့် ဘာဖြစ်သလဲဆိုတော့ ပိုပိုက ငပျင်းပေါ့နော် ကိုယ့်ကိုယ်ကို Reason တွေ အရမ်းပေးလွန်းတယ်။ ငါ လုပ်စရာတွေရှိသေးတယ်ပေါ့ ပြီးတော့ အိမ်မှာလည်း Piano သင်ပါတယ်။ ဒါပေမယ့် ဆရာမကို ခဏခဏချိန်းပါတယ် ကိုယ့်ကိုယ်ကိုလည်း အားမရဘူး"လို့ သူက ဆိုပါတယ်။

 

ပိုပိုဟာ ဂီတပညာကို စိတ်ဝင်တစားသင်ယူချင်စိတ်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ဘန်ကောက်မှာ တစ်လအကြာအချိန်ယူပြီး သင်ကြားမှာဖြစ်တဲ့အတွက် အတွေ့အကြုံအသစ်အဆန်းတွေကိုလည်း လိုချင်တယ်လို့ ဆိုပါတယ်။

'' ဟိုမှာက Piano ရော Vocal အတွက်ကိုရော အဲ့ဒါကိုပဲ သီးသန့်အချိန်ပေးပြီးတော့ သင်ဖြစ်မှာပါ။ တစ်လပါပဲ။ အဲ့ဒါကိုပဲ ပိုပြီးတော့ ဂရုစိုက် ဖြစ်အောင်ပါ။ ပြီးတော့ သူများနိုင်ငံမှာ ဘယ်လိုသင်သလဲ ၊ Music နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ အသစ်အဆန်းတွေကိုလိုချင်လို့ ကိုယ့်ကိုယ်ကို Upgrade လုပ်တာပေါ့'' ဆိုပါတယ်။

 

မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ အောင်မြင်လျှက်ရှိတဲ့ ကျားပေါက်ကိုတော့ ပိုပိုက အားကျမိတယ်လို့ ဖွင့်ဟလာပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းလေ့လာသင့်တယ်၊ မြှင့်တင်သင့်တယ်လို့လည်း ပြောပါတယ်။

'' မြန်မာနိုင်ငံမှာဆိုရင် Music အကြောင်းကို ကိုယ့်ဘာသာကိုယ် တစ်ချိန်လုံး သင်ယူနေတဲ့သူကတော့ ကိုကျားပေါက်တစ်ယောက်ပဲရှိပါတယ်။ ကိုကျားပေါက်ကို အရမ်းအားကျတယ် သူ အားလုံးတီးနိုင်တယ်။ သူ့လိုပဲ ပိုပိုလည်း အဲ့ဒီလိုဖြစ်ချင်တယ်။ ကိုယ်တွေလည်း ဒီ့ထက်မက သင်သင့် တယ်လို့ထင်ပါတယ်၊ သီချင်းဆိုတတ်ရုံနဲ့ သီချင်းဆိုနေကြတယ်ဆိုတာကတော့ နည်းနည်းလေး လွဲနေတယ်လို့ ထင်ပါတယ်'' လို့ဆိုပါတယ်။

ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။ ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က