သားလေးတွေမွေးနေ့ရယ်၊ မင်္ဂလာနှစ်ပတ်လည်နေ့ရယ်။

အမြွှာသားလေး ဖရန့် နဲ့ ထရန့် တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဖေဖေအဆိုတော် Wai လျှံက အလုပ်တွေကို အရင်ကထက်ပို ကြိုးစားနေတယ်လို့ သိရပါတယ်။ မိသားစုကိုလည်း ပျော်ရွှင်အောင် ထားပေးနိုင်တယ်လို့ဆိုပါတယ်။

Photo:Wai လျှံ ဖေ့စ်ဘွတ်

 

အဆိုတော် Wai လျှံတစ်ယောက် ဇနီးနဲ့သားလေးတွေကို အရင်ကထက် ပိုပြီး ပျော်ပျော်ရွှင်ရွှင်ထားပေးနေတာက အိမ်ထောင်သက်တမ်း နှစ်ပတ်လည်နေ့တွေလည်း ဖြစ်သလို သားနှစ်ယောက်ရဲ့ မွေးနေ့လည်းဖြစ်တယ်လို့ဆိုပါတယ်။ အမှတ်တရလေးတွေလည်း လုပ်ပေးဖြစ်တဲ့ အကြောင်းကို မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' ကျွန်တော်တို့က ၁၀ လပိုင်း ၂၀ ရက်နေ့၊ ပြီးတော့ ၁၁ လပိုင်း ၂၀ ရက်နေ့တွေက ကျွန်တော်တို့ Wedding လုပ်ခဲ့တဲ့ Date လေးတွေပေါ့ နော်။ ပြီးတော့ ကျွန်တော်တို့ သားလေးတွေကလည်း ၁၀လပိုင်း ၂၁ ရက်နေ့ဆိုတော့ အဲ့ဒီအတောအတွင်းက Ro ဖြစ်နေတာ။ ဒါပေမယ့် Surprise တော့ မလုပ်ဖြစ်ပါဘူး၊ သူသွားချင်တာ၊ သူစားချင်တာလေးတွေ ဝယ်ကျွေးတယ်'' လို့ဆိုပါတယ်။

Photo:Wai လျှံ ဖေ့စ်ဘွတ်

အစ်ကို၊ ဆရာဖြစ်တဲ့ ဟဲလေးကို ဂါရဝပြုခဲ့တဲ့ Waiလျှံတို့မိသားစု 

Wai လျှံတို့ ဇနီးမောင်နှံဟာ အိမ်ထောင်ကျပြီးတဲ့ အချိန်ကစပြီး မိဘတွေနဲ့ အတူမနေပဲ ဇနီးမောင်နှံ နှစ်ယောက်တည်း အိမ်သီးသန့် ခွဲထွက် နေ တာဖြစ်တယ်လို့ သိရပါတယ်။ ရင်သွေးလေးတွေရရှိလာတဲ့အခါမှာလည်း သူတု့ိရဲ့ တာဝန်ပိုကြီးသွားတယ်ဆိုတာကို နိုဝင်ဘာလ ၁၁ ရက်နေ့က ''အကြင်နာမြစ်ဖျား'' ဇာတ်လမ်းတွဲကန်တော့ပွဲကို တက်ရောက်လာရင်းပြောပြခဲ့တာပါ။

'' ကိုယ်တွေ ကလေးရလာတဲ့အချိန်မှာ ကလေးရဲ့ တာဝန်တွေကို ကိုယ်တိုင်ထမ်းချင်လို့ အိမ်ခွဲနေတယ်ပေါ့။ ဒါပေမယ့် နည်းနည်းလေးတော့ တာဝန်ကြီးတယ်။ ဒါပေမယ့်လည်း ရအောင် ကြိုးစားပြီးတော့ တာဝန်ထမ်းနေကြတယ်။ ကျွန်တော် ပြောင်းလဲသွားရင်တော့ မိန်းမက ဗိုက်ခေါက်လိမ်ဆွဲမှာပေါ့'' လို့ဆိုပါတယ်။

Photo:Wai လျှံ ဖေ့စ်ဘွတ်

 

သားနှစ်ယောက်အတွက်  အနုပညာအလုပ်တွေအပြင် တခြားစီးပွားရေးကိုလည်း ဆောင်ရွက်နေရသေးတယ်လို့ Wai လျှံက ဆိုပါတယ်။ အလုပ်တွေကိုလည်း အရင်ကထက်ပို ကြိုးစားနေတာကို တွေ့ရပါတယ်။

'' အပြင်စီးပွားရေးကတော့ ရှိတော့ ရှိပါတယ်။ ကျွန်တော့်အဖေရဲ့ အလုပ်တွေမှာ နည်းနည်းဝင်ကူပေးတာတို့ ပြီးတော့ အမျိုးသမီးက လည်း သူ့အလုပ်နဲ့သူရှိတယ်လေ။ သားတွေကလည်း အမြွှာဆိုတော့ စားရိတ်က ၂ ဆကုန်တာပေါ့။ ဒါကြောင့်လည်း နည်းနည်းလေးတော့ပိုရှာနေရ တာပေါ့'' လို့ သူကဆိုပါတယ်။

Photo:Wai လျှံ ဖေ့စ်ဘွတ်

 

Wai လျှံနဲ့ ဇနီးဖြစ်သူ သန့်စင်မွန်တို့ဟာ ဇူလိုုင်(၉)ရက်နေ့ ၂၀၁၆ ခုနှစ်က နှစ်ဖက်မိဘစုံညီစွာနဲ့ စေ့စပ်ထားကြတာ ဖြစ်ပြီး မင်္ဂလာဦး ဆွမ်းကျွေး အခမ်းအနားကိုတော့ အောက်တိုဘာ(၂၀)ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း(၁၄)ရပ်ကွက်မှာရှိတဲ့ မဟာဗောဓိပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

 

Share

Loading Next Article...
က္က