AD
AD
AD
play

 

အိမ်ထောင်သက်လည်း ကြာနေပြီဖြစ်တဲ့ သဇင်က  ကလေးယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့ပေမယ့်လည်း သူမကတော့ အဲ့ကိစ္စတွေကို ပြန်လည်ဖြေရှင်းသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

play

 

" သဇင်ဟာ ဘယ်အရာမဆို တစ်ခုပဲ လုပ်တက်တယ်။ အခု အနုပညာအလုပ်တွေ ပြန်လုပ်မယ်လို့ ပြန်ပြီး ဆုံးဖြတ်တဲ့ အခါ အနုပညာအလုပ် အတွက်ပဲ အာရုံစိုက်ထားတယ်။ သဇင့် အိမ်ထောင်ရေးက သဇင်နဲ့ပဲ ဆိုင်တယ်။ ကိုယ်နေတဲ့ ပတ်ဝန်းကျင် ကိုယ်သွားလှုပ်ရှားနေတဲ့ အနေအထား အားလုံးဟာ ရှင်းပြစရာ မလိုပါဘူး။ ဖေ့စ်ဘွတ်ကိုလည်း ကောင်းတဲ့ဘက်မှာပဲ အသုံးချတယ်။ ဝေးကွာနေတဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ဖို့ ဒီလောက်ပါပဲ။ မဟုတ်တဲ့ ဘက်မှာ စိတ်မဝင်စားပါဘူး"လို့ သူမက ဆိုပါတယ်။

လက်ရှိမှာ အနုပညာအလုပ်တွေ ပြန်လုပ်နေတဲ့သူမက တစ်ကိုယ်တော် အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD