AD
AD
AD
play

 

အနုပညာအလုပ်များနဲ့ ရှစ်နှစ်ကြာ ကင်းကွာနေတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် ပါဝင်ထားတဲ့ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ပြသပွဲကို ဒီနေ့  မနက် သမ္မတရုပ်ရှင်ရုံတွင် ပြုလုပ်ခဲ့ပါတယ်။

play

 

အဲ့ဒီဇာတ်ကားကြီးကို မေလရဲ့ နောက်ဆုံးအပတ်ဖြစ်တဲ့ မေလ(၂၆) နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

play

 

ဆရာမင်းသိင်္ခရဲ့ နာမည်ကျော် ဝတ္ထုကို ဒါရိုက်တာ ခင်စောမျိုးက ပြန်လည် အသက်သွင်းထားတာ ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကျော်သူ၊ ရန်အောင်၊ မင်းဦး၊ မေမြတ်နိုး၊ စံရတီမိုးမြင့် စတဲ့နာမည်ကြီး ဝါရင့် သရုပ်ဆောင်တွေ အများကြီး ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD