AD
AD
AD
play


ရုပ်ရှင်လောကသားများအားလုံး တွေ့ဆုံဆွေးနွေးပွဲကို ဒီနေ့ နေ့လည်(၁)နာရီက မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play


အဲ့ဒီတွေ့ဆုံပွဲကို ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊သရုပ်ဆောင်တချို့နဲ့ အလွှာအသီးသီးက အနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး ရုပ်ရှင်လောကမှာ ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေနဲ့ အကယ်ဒမီ ပေးတဲ့ စနစ်တို့ အကြောင်းကို အပြန်ပြန်အလှန်လှန် ဆွေးနွေးခဲ့ကြပါတယ်။

play


ရုပ်ရှင်အစည်းအရုံးဥက္ကဌ နဲ့ လောကသားများ အကြိတ်အနယ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလို တွေ့ဆုံပွဲကိုလည်း တစ်နှစ်တစ်ကြိမ်လုပ်ဆောင်သင့်သလို ရုပ်ရှင်လောကသားတွေရဲ့ နားမလည်တာတွေကို ဖြေကြားခွင့်ရတဲ့အတွက် ကောင်းပါတယ်လို့ ဥက္ကဌ ဦးလူမင်းက ဆိုပါတယ်။

Source : 7day TV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD