AD
AD
AD
play

 

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ ကောင်းပြည့်အတွက် ဆုပန်ထွာတို့ ဇနီးမောင်နှံက ဘွဲ့ရတဲ့အထိ ကျောင်းတက်ဖို့တာဝန်ယူပေးသွားမယ်လို့ သိရပါတယ်။ အဲဒီအတွက်ကိုလည်း ကောင်းပြည့်ရဲ့ အိမ်အထိသွားတွေ့ပြီး ပညာရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

play

ဆေးကျောင်းအမှတ်မီခဲ့ရင်လည်း ဆေးကျောင်းတက်ခွင့်ရအောင် ကူညီပေးမှာ ဖြစ်သလို မမီခဲ့ရင်လည်း ရေကျောင်း သိပ္ပံတက်ခွင့်ရအောင် ကူညီပေးမှာ ဖြစ်ကြောင်းသူမရဲ့ ဖေ့စ်ဘွတ်မှာ ဆိုထားပါတယ်။

play

 

ကောင်းပြည့်လေးကလည်း ရေကျောင်းသိပ္ပံတက်ချင်တယ်လို့ ဆိုပါတယ်။ ဒီအလှူလေးကလည်း ဆုပန်ထွာ မွေးလာမယ့် သားသားလေးရဲ့ ပညာရေးအတွက် ရည်စူးပြီး အဓိကလှူဒါန်းဖြစ်တယ်လို့လည်း ရေးထားပါတယ်။

Source : ဆုပန်ထွာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD