AD
AD
AD
play

 

သြဂုတ်လ(၂၆)ရက်နေ့ညက မန္တလေးကိုရောက်ရှိခဲ့တဲ့ ခင်ဝင့်ဝါက "ပန်းပျိုးသူ" ပရဟိတ စာသင်ဝိုင်းအတွက် ပန်းကူရောင်းပြီး လုပ်အားဒါန ပြုခဲ့တယ်လို့သိရပါတယ်။

play

 

"ပန်းပျိုးသူ" ပရဟိတဟာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ(၆)နာရီကနေ ည(၈)နာရီ အထိ ပန်းရောင်းနေရတဲ့ ကလေးတွေကို စာသင်ပေးပြီး ကလေးတွေ အစား ပရဟိတ လူငယ်လေးများက ပန်းတွေ ကူရောင်းပေးတဲ့ အဖွဲ့လေး ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောပြထားပါတယ်။ အရမ်းကို မွန်မြတ်တဲ့ အလှူ ဒါန လေးဖြစ်သလို "ပန်းပျိုးသူ" ပရဟိတအဖွဲ့လေးမှာ ပါဝင် ကူညီခွင့် ရတဲ့အတွက်လည်း ဝမ်းသာပီတိ ဖြစ်ရတယ် လို့ ခင်ဝင့်ဝါက ဆိုပါတယ်။

play

 

နောက်ရက်များမှာလည်း ကြုံကြိုက်ရင် အခုလိုမျိုး ပါဝင်ကူညီပေးချင်ပါသေးတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဆက်လက်ရေးသားထားပါတယ်။

Photo : ခင်ဝင့်ဝါ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD