AD
AD
AD
play

 

မကြာသေးခင်ရက်ပိုင်းက ဒါရိုက်တာ စင်ရော်မောင်မောင်က ဖွေးဖွေးကို အရေးယူပေးဖို့အတွက် ရုပ်ရှင် အစည်းအရုံးကို  တိုင်ကြားထားတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ဖွေးဖွေးဘက်က ဘာတုံ့ပြန်မှုမှ မလုပ်သေးပါဘူး။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့အတွက် မီဒီယာများမှ ဆက်သွယ်သော်လည်း ဖွေးဖွေးရဲ့ ဖုန်းများမှာ ဆက်သွယ်လို့ မရဘူးဖြစ်နေပါတယ်။

play

 

ဒါပေမဲ့ ဒီနေ့ (စက်တင်ဘာ ၁၃)ရက်နေ့ နေ့လယ်လောက်မှာတော့ ဖွေးဖွေးက သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ မနက်ခင်း မေတ္တာပို့ ဓမ္မတေးတစ်ပုဒ်ကို တင်ထားပြီး အဲ့ဒီဗီဒီယိုဖိုင်အောက်ရဲ့ ကွန်မန့်မှာ ပရိသတ်တွေ သူမအတွက် စိတ်မပူဖို့ကို ပြောထားပါတယ်။

play

 

"ချစ် fans တို့ လုံးဝစိတ်မပူကြပါနဲ့ နော်။ စိတ်ပူပေးကြလို့ ဖွေးကလည်းစိတ်ပြန်ပူရပါတယ်။ ဖွေးမနက်ဖြန် ပြောပါမယ်။ ဘာအမုန်းမှလည်း မပွားစေချင်ပါရှင်"လို့ သူမက ရေးထားပါတယ်။

ပရိသတ်တွေကလည်း ဖွေးဖွေးဘက်က ပြောပြလာမယ့် ဖြေရှင်းချက်ကို စောင့်နေကြပါတယ်။

Photo : ဖွေးဖွေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD