AD
AD
AD
play

 

အမျိုးသားကဇာတ်ရုံတွင် ကပြဖျော်ဖြေခဲ့သည့် "ခေတ်သစ်ဧကရီ"အငြိမ့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ကို စက်တင်ဘာလ(၁၄)ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။ ခေတ်သစ်ဧကရီအငြိမ့်ဖျော်ဖြေပွဲသည် သဘင်နဲ့သက်ဆိုင်တဲ့ ဖျော်ဖြေပွဲတစ်ခုဖြစ်ကာ သဘင်အစည်းအရုံးရဲ့ ထောက်ခံခွင့်ပြုချုက်ရယူရမှာ ဖြစ်သော်လည်း အစည်းအရုံးသို့ ဆက်သွယ်ခဲ့ခြင်းမရှိဘူးလို့ ကြေညာချက်တွင် ပြောပြထားပါတယ်။

play

 

ဒါ့အပြင် ဖျော်ဖြေတင်ဆက်ရာမှာလည်း သဘင့်သမားစဉ်အရ အမျိုးသမီးများက လူရွှင်တော်အဖြစ် ဆောင်ရွက်ရန် မသင့်လျော်ခြင်း၊ နှစ်ပါးသွားတင်ဆက်မှုကို ပုံစံမကျ စိတ်ထင်သလို အပြောင်အပြက်များနဲ့  သရုပ်ဖော်ခြင်း၊ လူရွှင်တော် အသွင်ယူထားသော မင်းသမီးများရဲ့ အလွတ်ကျက်ထားသော ပြက်လုံးများက ထည့်သွင်း အပြက် ခံရသော လူပုဂ္ဂိုလ်များရဲ့ လူမှုရေးခံစားချက်များကို ထိခိုက်စေခြင်း၊ လေသန္ဓမမှန်ကန်မှုကြောင့် ကြားရသူ ပရိသတ်များ အတွက် ရိုင်းပြခြင်းနဲ့နှစ်ပါးသွားကသော မင်းသားက သဘင်ပညာရှင်များ အထွတ်အမြတ်ထားသော မင်းသားခေါင်းပေါင်းကို ချွတ်၍ ပြက်လုံးခွင်တွင် ဝင်ပြက်ခြင်း စတဲ့ အချက်များကြောင့် ခေတ်သစ်ဧကရီအငြိမ့်ကို မြန်မာနိုင်ငံ သဘင်အစည်းအရုံးအနေနဲ့ ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

play

 

ခေတ်သစ်ဧကရီအငြိမ့် ဖျော်ဖြေပွဲကို စက်တင်ဘာ ၉ ရက်က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ ၌ ပြုလုပ်ခဲ့ပြီး မင်းသမီး လူရွှင် တော်များအဖြစ် အိချောပို၊ နန်းသူ ဇာ၊ ခင်ဝင့်ဝါနှင့် မေမြင့်မိုရ်တို့က တင်ဆက်ပေးခဲ့ကာ မင်းသားများ အဖြစ် ကျော်ကျော်နှင့် သိန်းလင်း စိုးတို့ကဖျော်ဖြေကပြခဲ့ကြပါတယ်။

Source :7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD