AD
AD
AD
play

 

ကလေးနှစ်ယောက်မိခင် ဖြစ်နေသည့်တိုင်အောင် အလှမပျက်ဘဲ ပိုပြီးစမတ်ကျနေတဲ့ သန္တာလှိုင်ဟာ အိမ်မှုကိစ္စပိုင်းမှာလည်း နိုင်နင်းသူပါ။ သူမရဲ့ သမီးနဲ့သားကိုလည်း ကိုယ်တိုင်ပဲ ချက်ပြုတ်ကျွေးမွေးလေ့ရှိပါတယ်။

play

 

တနင်္ဂနွေနေ့တုန်းက ကလေးတွေကို ချက်ကျွေးခဲ့တဲ့ လက်ရာတွေကိုလည်း သူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ပြန်တင်ထားပါတယ်။ ငါးကိုချက်နည်း မေးမြန်းနေသူတွေအတွက်လည်း သူမရဲ့ချက်နည်းကို မျှဝေထားပါသေးတယ်။

play

 

ပထဆုံးအနေနဲ့ ကကတစ်ငါးကို အသားလွှာကာ နနွင်း၊ ဂျင်းအရည်၊ ငံပြာရည်တို့နဲ့နယ်ပြီးနှပ်ထားပါ။ ဂျင်းကိုအကွင်းလိုက် ၂ ကွင်း လှီးပါ၊ ရှောက်ရွက်အရင့် ၅ ရွက်၊ စပါးလင် ၁ ချောင်း (အနည်းငယ်ထောင်းရပါမယ်) တို့ကို ပဲဆီထဲထည့်ထားရမှာဖြစ်ပါတယ်။ ငါးကိုတော့ အရေခွံဘက်ကို အရင်ကြော်ပါတယ်။ သူမကတော့ ငါးကိုအရမ်းကြွပ်အောင် မကြော်ပါဘူး။ ရိုးရိုးကြော်တာမဟုတ်ဘဲ မွှေးရနံ့တွေနဲ့ ကြော်လိုက်တာကြောင့် အနံ့၊အရသာနဲ့ ပြည့်စုံနေမှာပါ။ ငါးရိုးတွေကိုလည်း ဂျင်း၊ စပါးလင်နဲ့ပြုတ်ပြီး လိုအပ်ရင်သုံးလို့ရအောင် သိမ်းထားကြောင်း သူမက ရေးထားပါတယ်။

play

 

ငါးကြော်အပြင် ပဲဟင်း၊ လက်ဖက်သုပ်တို့ကိုလည်း စီမံပြီး ကလေးတွေကို ကျွေးမွေးဖြစ်ခဲ့တယ်လို့ သူမရဲ့ မိခင်လက်ရာကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားခဲ့ပါတယ်။

Source & Photo : Thandar Hlaing Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD