AD
AD
AD
play

 

ဇွန်လထဲမှာမင်္ဂလာပွဲ ပြုလုပ်ခဲ့တဲ့ ဖြိုးဝေလှိုင်နဲ့ တင်ဇာမိုးဝင်တို့က ၂၀၁၇ ခုနှစ်ထဲမှာ ရင်သွေးယူတော့မယ်လို့ သိရ ပါတယ်။ အိမ်ထောင့်တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နေတဲ့ တင်ဇာမိုးဝင်းကတော့ သူမချစ်တဲ့ အနုပညာ အလုပ်တွေ ကိုလည်း မလစ်ဟင်းအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

play

 

နားလည်မှုနဲ့ ဘဝတစ်ခုကို တည်ထောင်ထားကြတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ သာယာလှပလို့ နေပါတယ်။ သားသ မီး ရတနာကိုလည်း ရတဲ့အချိန်ယူမယ်လို့ စဉ်းစားထားပေမယ့် ဘယ်လိုအချိန်ရလာမလဲဆိုတာတော့ မပြောရဲဘူးလို့ သူမက ဆိုပါတယ်။ တကယ်တမ်းတော့ ၂၀၁၇လောက်မှာတော့ သားသမီး ရတနာလေးတွေ ရရင် လိုချင်တယ်လို့ သူမက ပြောပါတယ်။

play

 

ဖြိုးဝေလှိုင်နဲ့ တင်ဇာမိုးဝင်းတို့ရဲ့ မင်္ဂလာလက်မှတ်ထိုးပွဲကို ဇွန်လ(၇)ရက်နေ့က နေလယ် (၁၁)နာရီက ရန်ကုန်မြို့ရှိ ချက်ထရီယမ် ဟိုတယ်မှာကျင်းပခဲ့ပြီး ဇွန်လ(၁၉)ရက်နေ့မှာ  ရန်ကုန်မြို့ မင်းကွန်းတိပိဋက ရွှေရတုကျောင်း တော်ကြီး မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD