AD
AD
AD
play

 

အဆိုတော် ဇော်ဝင်းရှိန်ရဲ့ အသက်(၆၀)ပြည့် အမှတ်တရ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဒီဇင်ဘာ  (၃)ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဂီတသက်တမ်းတစ်လျှောက် ပထမဆုံး ပြုလုပ်တဲ့ ပွဲမှာ သားဖြစ်သူကိုလည်း ပွဲထုတ်ခဲ့ပါတယ်။

play

 

သားဖြစ်သူနဲ့အတူ တေးသီချင်းများသီဆိုခဲ့ပြီး သီချင်းစုစုပေါင်း အပုဒ်ရေ ၃၀ခန့် သီဆိုခဲ့တယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲကို အပိုင်းသုံးပိုင်းခွဲပြီး တင်ဆက်ခဲ့ရာ ပထမပိုင်းနဲ့ တတိယပိုင်းအစီအစဉ်မှာ တီးဝိုင်းနဲ့  ဖျော်ဖြေခဲ့ကာ ဒုတိယပိုင်းအစီအစဉ်ကိုတော့ Unplugged ပုံစံနဲ့ ဖျော်ဖြေခဲ့ပါတယ်။

ဇော်ဝင်းရှိန်ရဲ့ သားဖြစ်သူ ဝေမင်းရှိန်ကတော့ "ငွေလမင်းရဲ့ အဝေးကလူ" သီချင်းကို အမှတ်တရ သီဆိုခဲ့ရာ ပရိသတ်အားပေးမှုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD